သေသည်အထိလက်တွဲမဖြုတ်ခဲ့တဲ့ အဘိုးအဘွားစုံတွဲရဲ့ရင်ထဲဆို့နင့်စရာအဖြစ်အပျက်

g.jpg

မီချီဂန်ပြည်နယ်က အဘိုးအဘွားစုံတွဲရဲ့အဖြစ်ကတော့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်ပြီး အင်မတန် ဆို့နင့်စရာကောင်းပါတယ်။ အဘိုး ဝီလ် (Will) နဲ့ အဘွား ဂျူဒီ (Judy) ဟာ အသက် (၁၄) နှစ်အရွယ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာ အိမ်ထောင်သက်က (၅၆) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက အဘွားဂျူဒီ (Judy) ဟာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါရပြီး သေလုမြောပါးဖြစ်ရတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။ နာမကျန်းဖြစ်ရတဲ့ အဘွားကိုဆေးရုံတင်အပြီးမှာ ဒီအခြေအနေဆိုးအတွက် စိတ်မသက်မသာခံစားခဲ့ရသူက အဘိုးဝီလ်ပါ။ အဘိုးနဲ့ အဘွားဟာ တစ်နေရာစီခွဲနေခဲ့ကြရတာဖြစ်ပါတယ်။

သူတို့စုံတွဲ တစ်ကွဲစီဝေးခဲ့ကြရတဲ့အဖြစ်မှာ တဖြည်းဖြည်းနဲ့ အဘိုးနဲ့ အဘွားတို့ရဲ့ သားသမီးတွေမှာ ထူးထူးဆန်းဆန်းကြုံတွေ့လာရတာက ဆေးရုံးပေါ်က အဘွားဖြစ်သမျှ ရောဂါတွေအတိုင်း အဘိုး မှာ ထပ်တူထပ်မျှ လိုက်ခံစားရတော့တာပါပဲ။ အဘွားဖျားရင် အဘိုးကပါဖျားတယ်။ အဘွားကအသက်ရှူပိတ်တဲ့အခါမျိုးမှာ အဘိုးကအဆုတ်ရောင်လာတယ်။ ဆေးကုသမှုဒဏ်ကြောင့်အဖွားခံစားရတာမျိုးတွေလည်း အဘိုးမှာလိုက်ဖြစ်တာက တကယ်ကိုထူးထူးဆန်းဆန်းပါ။ တကယ်တော့ အဘိုးက အဘွားဆေးရုံမတင်ရခင်အထိ ကျန်းကျန်းမာမာကြီးကို ရှိနေခဲ့သူ ဖြစ်ပါတယ်။

နှစ်လတာခွဲခွာခဲ့ရရုံနဲ့ အတူတူမရှိရချိန်တွေမှာ ငရဲကျသလိုခံစားခဲ့ရပြီး ရောဂါသာပိုတိုးလာခဲ့တဲ့ အဘိုးနဲ့ အဘွားတို့စုံတွဲဟာ ဆေးရုံပေါ်မှာ အတူပြန်ဆုံစည်းခွင့်ရခဲ့ချိန်မှာတော့ အရင်နဲ့မတူအောင်ကို ပြန်လည်လန်းဆန်းရွှင်ပျလာခဲ့ကြတယ်။ တစ်ဆက်တည်းမှာပဲ ဒါဟာ အဘိုးနဲ့ အဘွားရဲ့ ဘဝနေဝင်ချိန်နောက်ဆုံးမိနစ်တွေလည်း ဖြစ်ခဲ့ရပါတယ်။

အဘွားဟာ အဘိုးရဲ့လက်ကိုတွဲထားခဲ့တယ်။ အဘိုးရဲ့ လက်ဖဝါးကိုညင်ညင်သာသာ တစ်ချက်ပွတ်သပ်ပေးပြီးချိန်မှာ အဘိုးဟာ ဆေးရုံပေါ်မှာပဲ ငြိမ်းချမ်းစွာနဲ့ ငြိမ်ငြိမ်သက်သက် အသက်ထွက်သွားခဲ့ပါတယ်။ သေသည်အထိလက်တွဲမဖြုတ်တဲ့ အဘွားကလည်း နောက်ထပ်နာရီပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

သေသည်အထိလက်တွဲမဖြုတ်ခဲ့တဲ့ အဘိုးအဘွားစုံတွဲရဲ့ ဆို့နင့်စရာဇာတ်လမ်းကတော့ တကယ်ကိုရုပ်ရှင်ဆန်ဆန်ဖြစ်ပွားခဲ့ပြီး အချစ်ရဲ့တန်ခိုးနဲ့ သေအတူရှင်မကွာဖြတ်သန်းခဲ့တဲ့ ဘဝနှစ်ခုဟာ လေးစားနှစ်သက်စရာပါပဲ။ ဒါဟာ အခုခေတ်မှာ ဖြစ်တောင့်ဖြစ်ခဲ အတွေ့အကြုံမျိုးဖြစ်ပြီး အားလုံးထပ်တူထပ်မျှ ခံစားမိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Ref: DailyMail ” Couple married for 56 years, die holding hands just hours apart “

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top