World MMA Awards ဆုနှစ်ဆုအတွက် အောင်လအန်ဆန် ဆန်ခါတင်ရွေးချယ်ခံရ

IMG_1040.jpg

ONE Championship ၏ ပထမဦးဆုံးမြန်မာပြည်ဖွား ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်သည် World MMA Awards ဟုခေါ်သည့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် ထည့်သွင်းရွေးချယ်ခံထားရသည်။

ဆုများကို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအကြောင်း တစိုက်မတ်မတ်ဖော်ပြနေသည့် ဂုဏ်သိက္ခာရှိမဂ္ဂဇင်းတစ်စောင် ဖြစ်သော Fighter’s Only မဂ္ဂဇင်းမှ ၂၀၀၈ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ခြင်းဖြစ်

အဆိုပါဆုများကို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအကြောင်း တစိုက်မတ်မတ်ဖော်ပြနေသည့် ဂုဏ်သိက္ခာရှိမဂ္ဂဇင်းတစ်စောင် ဖြစ်သော Fighter’s Only မဂ္ဂဇင်းမှ ၂၀၀၈ ခုနှစ်ကတည်းက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် လာ့စ်ဗီးဂက်မြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက်ဆုပေးပွဲတွင်
ဆုပေါင်း (၂၂) ဆုချီးမြှင့်ရန်စီစဉ်ထားရာ အောင်လအန်ဆန်သည် Charles “Mask” Lewis ၂၀၁၈ တစ်နှစ်တာအကောင်းဆုံး ကိုယ်ခံပညာကစားသမားဆုနှင့် အပြည်ပြည်ဆိုင်ရာ ကိုယ်ခံပညာကစားသမားဆု များအတွက် ဆန်ခါတင်ရွေးချယ်ခံရခြင်း ဖြစ်သည်။

ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဆန်ခါတင်ရွေးချယ်ခံရခြင်း ဖြစ်

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် Alexandre Machado ကိုအနိုင်ယူပြီး လစ်လပ်နေသည့် ONE Championship လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သည်။ ၂ဝ၁၇ ကလည်း မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို သိမ်းပိုက်ထားနိုင်ခဲ့သူ အောင်လအန်ဆန်သည် ယခုထပ်မံရရှိသည့် ချန်ပီယံခါးပတ်ကြောင့် ဝိတ်တန်းနှစ်တန်း၏ ချန်ပီယံ ဖြစ်လာခဲ့သည်။ ယင်းနှစ်အတွင်း ၎င်း၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စိန်ခေါ်လာသည့် ပြိုင်ဘက်နှစ်ဦးကိုလည်း ဒိုင်ပွဲရပ်အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဆန်ခါတင်ရွေးချယ်ခံရခြင်း ဖြစ်သည်။

အဆိုပါဆုများအတွက် အောင်လအန်ဆန်နှင့်အပြိုင် ဆန်ခါတင်ရွေးချယ်ခံထားရသူများမှာ UFC ချန်ပီယံများဖြစ်သော လိုက်ဝိတ်တန်းမှ Khabib Nurmagomedov၊ ဟဲဗီးဝိတ်တန်းမှ Daniel Cormier၊ ဝယ်တာဝိတ်တန်းမှ Kamaru Usman၊ ယာယီချန်ပီယံများဖြစ်ကြသော လိုက်ဝိတ်တန်းမှ Dustin Poirier၊ မစ်ဒယ်ဝိတ်တန်းမှ Israel Adesanya နှင့် Bellator မစ်ဒယ်ဝိတ်တန်းချန်ပီယံ Gegard Mousasi တို့ဖြစ်ကြသည်။ ၎င်းတို့အနက်မှ ပရိသတ် ပေးသည့် ဆန္ဒမဲအများဆုံးရသည့်ကစားသမားကို အကောင်းဆုံးဆုချီးမြှင့်မည်ဖြစ်ရာ ဧပြီ (၂၅) ရက်မှ စတင်ကာ https://www.worldmmaawards.com/vote/ တွင် မဲပေးရွေးချယ်နိုင်ကြောင်း သိရသည်။

ဧပြီ (၂၅) ရက်မှ စတင်ကာ https://www.worldmmaawards.com/vote/ တွင် မဲပေးရွေးချယ်နိုင်

ယခုနှစ်ဆန်ခါတင်စာရင်းတွင် အောင်လအန်ဆန်အပြင် ONE Championship နှင့် ပတ်သက်ပြီး ဆန်ခါတင်ရွေးချယ်ခံရသည့်အခြားဆုများမှာ တစ်နှစ်တာအကောင်းဆုံး တစ်ကျော့ပြန်ကစားသမားဆုအတွက် Angela Lee၊ ဦးဆောင်သူဆုအတွက် Chatri Sityodtong၊ အကောင်းဆုံးပြိုင်ပွဲကျင်းပရေးဆုအတွက် ONE Championship တို့ ဖြစ်ကြသည်။

တစ်နှစ်တာအကောင်းဆုံး တစ်ကျော့ပြန်ကစားသမားဆိုသည်မှာ ဆိုးရွားသည့်ရှုံးပွဲ သို့မဟုတ် အဖြစ်အပျက်မှရုန်းထွက်ပြီး အကောင်းဆုံးလက်စွမ်းပြန်ပြနိုင်သူများကို ချီးမြှင့်ခြင်းဖြစ်

တစ်နှစ်တာအကောင်းဆုံး တစ်ကျော့ပြန်ကစားသမားဆိုသည်မှာ ဆိုးရွားသည့်ရှုံးပွဲ သို့မဟုတ် အဖြစ်အပျက်မှရုန်းထွက်ပြီး အကောင်းဆုံး လက်စွမ်းပြန်ပြနိုင်သူများကို ချီးမြှင့်ခြင်းဖြစ်သည်။ ONE ၏ အမျိုးသမီးအက်တမ်ဝိတ်တန်းချန်ပီယံ Lee သည် ၂၀၁၇ နိုဝင်ဘာက ဆိုးရွားသည့် ယာဉ်မတော်တဆမှုနှင့်ရင်ဆိုင်ခဲ့ရကာ ၂၀၁၈ မေလအတွင်းကျင်းပသည့် ONE Championship ပွဲစဉ်တွင် ၎င်း၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်လာသည့် ပြိုင်ဘက် Mei Yamaguchi ကိုအနိုင်ရရှိခဲ့သဖြင့် အဆိုပါဆုအတွက် ဆန်ခါတင်ရွေးချယ်ခံရခြင်း ဖြစ်သည်။

အာရှတစ်လွှားတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲကြီးများကို ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပြီး အားပေးသူပရိသတ် သန်းပေါင်းများစွာတိုးပွားအောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဦးဆောင်သူဆုတွင် ONE ၏ ပဲ့ကိုင်ရှင် ဥက္ကဌ Chatri ဆန်ခါတင် ရွေးချယ်ခံရခြင်းဖြစ်

ONE Championship သည် ၂၀၁၈ ခုနှစ်အတွင်း အာရှတစ်လွှားတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲကြီးများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး အားပေးသူပရိသတ်သန်းပေါင်းများစွာ တိုးပွားအောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာတစ်ဝန်းမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို မြှင့်တင်ရေးကုမ္ပဏီများ၊ အဖွဲ့အစည်းများ၏ အကြီးအကဲများကို ရွေးချယ်ချီးမြှင့်သည့် ဦးဆောင်သူဆုတွင် ONE ၏ ပဲ့ကိုင်ရှင် ဥက္ကဌ Chatri ဆန်ခါတင် ရွေးချယ်ခံရခြင်းဖြစ်သည်။ အလားတူ ONE Championship သည်လည်း အကောင်းဆုံး ပြိုင်ပွဲကျင်းပရေးဆုအတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရသည်။

ယခုဆုပေးပွဲတွင်ချီးမြှင့်ရန် လျာထားသည့်ဆုစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. Charles “Mask” Lewis တစ်နှစ်တာအကောင်းဆုံး ကိုယ်ခံပညာကစားသမားဆု
  2. တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကိုယ်ခံပညာကစားသမားဆု
  3. တစ်နှစ်တာအတိုးတက်ဆုံး ကိုယ်ခံပညာကစားသမားဆု
  4. တစ်နှစ်တာအကောင်းဆုံး အပြည်ပြည်ဆိုင်ရာကိုယ်ခံပညာကစားသမားဆု
  5. တစ်နှစ်တာအကောင်းဆုံးပွဲဆု
  6. တစ်နှစ်တာအကောင်းဆုံး အလဲထိုးသူဆု
  7. တစ်နှစ်တာအကောင်းဆုံး ချုပ်ကွက်ဖြင့်အနိုင်ရသူဆု
  8. တစ်နှစ်တာအကောင်းဆုံး တစ်ကျော့ပြန်ကစားသမားဆု
  9. တစ်နှစ်တာအကောင်းဆုံး မထင်မှတ်သည့်ရလဒ်ဆု
  10. Shawn Tompkins တစ်နှစ်တာအကောင်းဆုံး နည်းပြဆု
  11. တစ်နှစ်တာအကောင်းဆုံး လေ့ကျင့်ရေးနည်းပြဆု
  12. တစ်နှစ်တာအကောင်းဆုံး အားကစားရုံဆု
  13. တစ်နှစ်တာအကောင်းဆုံး ဒိုင်လူကြီးဆု
  14. တစ်နှစ်တာအကောင်းဆုံး ကြိုးဝိုင်းအလှမယ်ဆု
  15. ဦးဆောင်သူဆု
  16. တစ်နှစ်တာအကောင်းဆုံး ပြိုင်ပွဲကျင်းပရေးဆု
  17. တစ်နှစ်တာအကောင်းဆုံး အစီအစဉ်တင်ဆက်သူဆု
  18. တစ်နှစ်တာအကောင်းဆုံး ပွဲသုံးသပ်သူဆု
  19. တစ်နှစ်တာအကောင်းဆုံး ပြိုင်ပွဲအစီအစဉ်ဆု
  20. တစ်နှစ်တာအကောင်းဆုံး မီဒီယာဆု
  21. တစ်နှစ်တာအကောင်းဆုံး ဂျာနယ်လစ်ဆု
  22. တစ်နှစ်တာအကောင်းဆုံး အဝတ်အစားနှင့်အသုံးအဆောင်ဆု တို့ဖြစ်ပါသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top