ဥရောပရဲ့ ပထမဆုံး လျှပ်စစ်ထွန်စက်ကို ဆွစ်ဇာလန်နိုင်ငံမှ မိသားစုတစ်စုက တီထွင်ခဲ့ပြီး အခုအခါမှာတော့ နိုင်ငံ ၅ နိုင်ငံအထိ ပို့ဆောင်ရောင်းချလျက် ရှိပါတယ်။ နက်ဆယ်တို့ မိသားစုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက Rigitrac AG အမှတ်တံဆိပ် လယ်ထွန်စက်တွေ ထုတ်လုပ်ရောင်းချခဲ့တာပါ။
မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်သူတွေရဲ့ နေအိမ်ခေါင်မိုးတွေမှာ ဆိုလာပြားတွေ တပ်ဆင်ထားကြပြီး လယ်ထွန်စက်တွေကိုလည်း နေပူထဲ ထားကြတာ မြင်တွေ့ပြီးတဲ့နောက် ဆိုလာပြားတပ် လျှပ်စစ်လယ်ထွန်စက် ဖန်တီးဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လျှပ်စစ်လယ်ထွန်စက် ဖန်တီးရာမှာ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဈေးကွက်ထဲမှာ မရှိသေးတာကြောင့် အခက်အခဲ ကြုံခဲ့ရပြီး ဒီအစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့ အချိန်ယူခဲ့ရတယ်လို့ နက်ဆယ်က ဆိုပါတယ်။
နက်ဆယ်တို့ လင်မယားဟာ သမီး ၄ ယောက်ရဲ့ အကူအညီနဲ့အတူ ၂၀၁၉ ခုနှစ်မှာတော့ ဥရောပရဲ့ ပထမဆုံး လျှပ်စစ်လယ်ထွန်စက်ကို တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ အမျိုးသားအဆင့် တီထွင်ဖန်တီးမှုဆု (Watt d’Or, o ‘Golden Watt) ဆွတ်ခူးခဲ့ပါတယ်။
Rigitrac SKE 40 လျှပ်စစ်လယ်ထွန်စက်မှာ ရှေ့ဘီးအတွက် မော်တာတစ်လုံး၊ နောက်ဘီးအတွက် မော်တာတစ်လုံး၊ စက်နှိုးဖို့အတွက် မော်တာတစ်လုံး အပါအဝင် စုစုပေါင်း ၈၄ ကီလိုဝပ်ရှိတဲ့ လျှပ်စစ်မော်တာ ၄ လုံး ပါဝင်ပါတယ်။ လက်ရှိအချိန်မှာတော့ Rigitrac SKE 40 လျှပ်စစ်လယ်ထွန်စက်ကို သြစတြီးယား၊ နော်ဝေ၊ ဒိန်းမတ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန် အစရှိတဲ့ ဥရောပနိုင်ငံ (၅)နိုင်ငံမှာ ရောင်းချနေပါပြီ။
Ref: 4 Sisters Invent Electric Tractor with Mom and Dad and it’s Selling in 5 Countries
NZ (ရိုးရာလေး)

