Super Bowl အောင်ပွဲဂုဏ်ပြုအခမ်းအနားမှာ ချစ်သူနဲ့အတူ “Love Story” သီချင်းနဲ့ကပြီး အနမ်းခြွေခဲ့တဲ့ တေလာဆွစ်ဖ်

13.2.24-yyl-6.jpg

တနင်္ဂနွေနေ့ညက အဆိုတော်တေလာဆွစ်ဖ်ရဲ့ချစ်သူ ထရာဗစ်ကယ်လ်စီရဲ့အသင်း အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ပြုပွဲအတွင်း သူတို့ချစ်သူနှစ်ဦးဟာ တေလာရဲ့ “Love Story” Remix နဲ့ အတူကပြီး အနမ်းခြွေခဲ့တာတွေ့ရပါတယ်။

Wynn Las Vegas Hotel ရဲ့ XS Nightclub မှာ ဖွင့်ထားတဲ့ Love Story သီချင်းနဲ့ သူတို့နှစ်ဦး ကနေခဲ့တာပါ။ အချင်းချင်းပွေ့ဖက်ရင်း အနမ်းခြွေခဲ့တာဖြစ်ပါတယ်။ ဂုဏ်ပြုပွဲကို ထရာဗစ်ရဲ့ The Kansas City Chiefs အသင်းနဲ့ အခြားအနုပညာကြယ်ပွင့်တွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Super Bowl ပွဲမှာ ထရာဗစ် ပါဝင်တဲ့ The Kansas City Chiefs က the San Francisco 49ers အသင်းကို ၂၅-၂၂ မှတ်နဲ့ အနိုင်ရခဲ့တာပါ။ တေလာဆွစ်ဖ်နဲ့ ထရာဗစ်ကယ်လ်စီတို့ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး တွဲနေခဲ့ကြတာပါ။

Ref: Taylor Swift, Travis Kelce share a kiss while dancing to Swift’s ‘Love Story’ at Super Bowl celebration

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top