နယူးယောက်မြို့က အိမ်ရာမဲ့ကျောင်းသား (၁၀၀) ကျော် အထက်တန်းအောင်မြင်

c53cfe71-high-school-graduation-resized.jpg

အချက်အလက်တွေအရ နယူးယောက်မြို့မှာ အိမ်ရာမဲ့ကျောင်းသားဦးရေ တစ်သိန်းကျော်အထိရှိနေပြီး မြို့မှာရှိနေတဲ့ ကျောင်းသားဦးရေစုစုပေါင်းက ဆယ်သိန်းကျော်ရှိနေတာကြောင့် နယူးယောက်ကကျောင်းသား (၁၀) ဦးမှာ (၁) ဦးဟာ အိမ်ရာမဲ့သူလို့ ဆိုနိုင်ပါတယ်။

အထက်တန်းကျောင်းအောင်မြင်သွားခဲ့တဲ့ အိမ်ရာမဲ့ကျောင်းသား (၁၀၀) ကျော်ကို နယူးယောက်မြို့အာဏာပိုင်တွေက ဂုဏ်ပြုပေးခဲ့

CNN ကမကြာသေးခင်ဖော်ပြခဲ့တဲ့သတင်းအရ နယူယောက်မြို့မှာ အိမ်ရာမဲ့ဘဝကြမ်းကိုဖြတ်သန်းပြီး အထက်တန်းကျောင်းအောင်မြင်သွားတဲ့ အိမ်ရာမဲ့ကျောင်းသားဦးရေ (၁၀၀) ကျော်ရှိလာခဲ့ပြီး နယူးယောက်မြို့အာဏာပိုင်တွေကလည်း သူတို့ကို ဒီနှစ်ဇူလိုင်လအစပိုင်းမှာ ဂုဏ်ပြုပေးခဲ့ကြောင်းသိရပါတယ်။

“သူတို့ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကတော့ မယုံနိင်စရာပါပဲ” လို့ အာဏာပိုင်တစ်ဦးက ချီးကျူး သွားခဲ့

“သူတို့ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကတော့ မယုံနိင်စရာပါပဲ” လို့ အာဏာပိုင်တစ်ဦးကချီးကျူးသွားခဲ့သလို ကျောင်းသားတစ်ယောက်ချင်းစီကို လက်ပ်တော့ပ်တစ်လုံးနဲ့ ကောလိပ်ကျောင်းအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဒီကျောင်းသားတွေဟာ ကောလိပ်ကျောင်းနဲ့ တက္ကသိုလ်အသီးသီးကို တက်ရောက်ကြရတော့မှာပါ

အိမ်ရာမဲ့ကျောင်းသူတစ်ဦးဖြစ်တဲ့ လောရင့်စ်ကတော့ ဖခင်က စားဖိုမှူးတစ်ဦးဖြစ်ပေမဲ့ အိမ်ငှားခဈေးကြီးမြင့်မှုကို မိသားစုအနေနဲ့မတတ်နိုင်တော့တာကြောင့် အိမ်ရာမဲ့ဂေဟာမှာ သွားရောက်နေထိုင်ပြီး ပညာသင်ကြားခဲ့ရသူတစ်ဦးပါ။ သူက “ဒီအခြေအနေအထိရောက်အောင် ငါဘယ်လိုများလုပ်နိုင်ခဲ့လဲဆိုတာ ပြန်စဉ်းစားနေမိတုန်းပဲ။ လူတွေက အိမ်ရာမဲ့တစ်ယောက်လို့သိသွားတာနဲ့ အနိုင်ကျင့်ဖိနှိပ်ချင်ကြတာကြောင့် အမြဲတမ်းရှက်ရွံ့ခေါင်းငုံ့နေခဲ့ရတာပါ” လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

နယူးယောက်မြို့မှာ အိမ်ငှားရမ်းခနဲ့ ရရှိတဲ့ဝင်ငွေပမာဏက ကွာဟလွန်း

နယူးယောက်မြို့မှာ အိမ်ငှားရမ်းခနဲ့ ရရှိတဲ့ဝင်ငွေပမာဏက ကွာဟ လွန်းတာကြောင့် အခုလိုမျိုး အိမ်ရာမဲ့ဦးရေမြင့်တက်လာနေတာဖြစ်ပါတယ်။

Ref: CNN “Beating the odds, more than 100 homeless students in New York City graduate high school”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top