အေးခဲမြေဆီလွှာထဲမှာ နှစ်သောင်းချီ ပိတ်မိနေတဲ့ သန်ကောင် ၂ ကောင်ကို ရှင်သန်နိုးထစေခဲ့

yee.jpg

ဆိုက်ဘေးရီးယားနိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အေးခဲမြေဆီလွှာထဲမှာ နှစ်ပေါင်း ၄၀၀၀၀ ကျော် ပိတ်မိနေတဲ့ သန်ကောင်တွေကို တွေ့ရှိခဲ့ပြီး ရေခဲ အရည်ပျော်စေခဲ့ပြီးနောက် ရှင်သန်နိုးထလာအောင် လုပ်ဆောင်နိုင်ခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၁၈ ခုနှစ်က ကြုံတွေ့ခဲ့တာပါ။

ရှင်သန်နိုးထလာတဲ့ သန်ကောင် ၂ ကောင်ထဲမှာ တစ်ကောင်က နှစ်ပေါင်း ၃၂၀၀၀ သက်တမ်းရှိပြီး နောက်တစ်ကောင်ကတော့ နှစ်ပေါင်း ၄၁၇၀၀ နီးပါး သက်တမ်းရှိပါတယ်။ နှစ်သောင်းချီ ရှင်သန်နိုင်တာကို ကြည့်ခြင်းအားဖြင့် သန်ကောင်တွေဟာ ရှင်သန်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေမှာ သူတို့ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ရပ်ဆိုင်းထားနိုင်စွမ်း (cryptobiosis) ရှိတယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ရေခဲခေတ် သက်ရှိတွေ နှစ်ပေါင်းများစွာ ကြာပြီးမှ ရှင်သန်နိုးထလာတဲ့ ဒီဖြစ်ရပ်ဟာ အင်္ဂါဂြိုဟ်လို နေရာမျိုးရဲ့ အေးခဲမြေဆီလွှာတွေမှာလည်း သက်ရှိတွေ ရှိနေနိုင်မလားဆိုတဲ့ အာကာသသုတေသနဆိုင်ရာ မွေးခွန်းတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။

Ref: 46,000-Year-Old Worm Possibly Revived from Siberian Permafrost

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top