COVID 19 ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းကလူတွေကို အိမ်မှာနေပေးဖို့ ဆရာဝန်တွေ တောင်းဆိုနေ

20-3-2020-yyl-001.jpg

ကမ္ဘာတစ်ဝှမ်းမှာ COVID 19 ကူးစက်ခံရသူဦးရေက စုစုပေါင်း (၂၄၄,၈၈၀) ရှိနေတဲ့အတွက် ဆရာဝန်တွေ မလုံလောက်ဖြစ်နေပါတယ်။ အခုဆိုရင် ဆေးရုံတွေက ဆေးရုံသုံးပစ္စည်းတွေ နေ့စဉ်လျော့နည်း လာနေတာကြောင့် အချိန်လုပြီး တိုက်ပွဲဝင်နေကြရပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေသာမရှိရင် ဒီတိုက်ပွဲက ဆုံးရှုံးမှုတွေများလာမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ မိသားစုနဲ့အတူမနေရဘဲ ဆေးရုံမှာပဲ အချိန်ပြည့်ကုန်ဆုံးရင်း COVID 19 ကူးစက်ခံရသူတွေကို ကုသပေးနေရပါတယ်။ တချို့လူတွေက COVID 19 အန္တရာယ်ရှောင်ရှားဖို့အတွက် အိမ်ထဲအောင်းနေဖို့ရာ ခက်ခဲနေကြပါတယ်။ ဒါကြောင့် COVID 19 ဆရာဝန်တွေဟာ သူတို့ရဲ့အလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းကလူတွေကို အိမ်မှာနေပေးဖို့ တောင်းပန်နေကြပါတယ်။

အိမ်မှာ အေးအေးဆေးဆေး သက်တောင့်သက်သာနေပြီး မုန့်လေးစား၊ ကိုယ်ကြိုက်နှစ်သက်ရာ ဇာတ်ကားတွေကြည့်နေတာက အခြားသူတွေရဲ့အသက်ကို ကယ်တင်နေတာဖြစ်တယ်လို့ စဉ်းစားကြည့်လိုက်ပါ။ အရေးပေါ်ကုသရေးဌာနက ဆရာဝန် လီယားနာ ဝမ်က “လက်တလောမှာ ကျွန်တော်တို့ အကြီးမားဆုံး ကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ကျွန်တော်တို့က အင်းအားမမဲ့ပါဘူး။ ကျွန်တော်တို့လုပ်နိုင်တဲ့ အရာတွေရှိပါတယ်။ အရေးကြီးဆုံးအရာက အတော်လေးရိုးရှင်းပါတယ်။ ဖြစ်နိုင်ရင် အိမ်မှာနေပါ” လို့ ပြောပါတယ်။

လီယားနာ ဝမ်က အိမ်မှာနေတာနဲ့ ဆရာဝန်တွေကို သူတို့ရဲ့အလုပ်တွေကို လုပ်ခွင့်ပေးတာတွေရဲ့အရေးပါမှုကို သိမြင်ဖို့အတွက် ကျန်းမာရေးဌာနကလူတွေ ပူပေါင်းဖွဲ့စည်းထားတဲ့ Stay Home: Save Lives Campaignရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ အခုအချိန်မှာ လူမှုအသိုင်းအဝိုင်းနဲ့ ခပ်ဝေးဝေးမှာနေတာက ဒီရောဂါပျံ့နှံ့မှုကို နှေးသွားစေမဲ့ တစ်ခုတည်းသောနည်းလမ်းပါ။ “ကျွန်တော်တို့ရဲ့အပြုအမူတွေကို မပြောင်းလဲဘူးဆိုရင် ရောဂါက အလျင်အမြန် ပျံ့နှံ့သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ကုသရေးစနစ်ကို ဒုက္ခပေးလာမှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဒါက ပိုပြီးအန္တရာယ်ဖြစ်စေပြီး သေဆုံးမှုများလာစေမှာဖြစ်ပါတယ်” လို့ လီယားနာက ဆိုပါတယ်။

Baltimoreရဲ့ ကျန်းမာရေးကော်မရှင်အဖွဲ့ဝင်ဟောင်းကလည်း အိမ်မှာနေရင် ပျော်ရွှင်လို့ရမဲ့နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။ “စာအုပ်ဖတ်တာ၊ သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေ စကားပြောတာတွေလို လုပ်စရာတွေအများကြီးရှိပါတယ်။ ကျန်းမာအောင်နေဖို့လည်းအရေးကြီးပါတယ်။ အိမ်မှာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာ၊ ဒိုက်ထိုးတာ၊ ယောဂ ကျင့်တာတွေလည်း လုပ်ကြည့်ပါ” လို့ ပြောပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ “မင်းတို့အတွက် ငါတို့ အလုပ်မှာ နေပေးတယ်။ ငါတို့အတွက် မင်းတို့ အိမ်မှာနေပေးကြပါ” လို့ ကမ္ဘာတစ်ဝှမ်းကလူတွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

Ref: Doctors Are Uniting In Begging People To Stay At Home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top