ASUS ရဲ့ Zenvolution ပြပွဲ

zenvolution-01.jpg

နာမည်ကျော် လက်ကိုင်ဖုန်းနှင့် laptop တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ ASUS ဟာ Zenvolution လို့ နာမည်ပေးထားတဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ တစ်ခုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ Central World အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။ ဉာဏ်အလင်းပွင့်ခြင်း၊ သိမ်မွေ့ နက်ရှိုင်းခြင်း ဆိုတဲ့ အတွေးအခေါ် သဘောထားတွေ ပါဝင်တဲ့ Zen ဆိုတဲ့ စကားလုံးရယ်၊ တော်လှန်ရေးလို့ အဓိပ္ပာယ်ရတဲ့ Revolution ဆိုတဲ့ စကားလုံးရယ်ကို ပေါင်းစပ်ပြီး ပြပွဲအမည်ကို Zenvolution လို့ ပေးခဲ့တာ ဖြစ်ပါတယ်။

ASUS ၏ Corporate Vice President ဖြစ်သူ Eric Chen မှ ပြပွဲနှင့် ပတ်သက်၍ အမှာ စကားပြောကြားစဉ်

ပြပွဲမှာ တီထွင်ဆန်းသစ်မှု လက်ရာ အသစ်တွေနဲ့ သေသပ် အနုစိတ်တဲ့ ဒီဇိုင်းတို့ ပေါင်းစပ်ထားတဲ့ လက်ကိုင်ဖုန်းတွေနဲ့ Notebook တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဖုန်းအမျိုးအစားအနေနဲ့ Zenfone3, Zenfone3 Ultra, Zenfone3 Deluxe, Zenfone3 Max တို့ကို ပြသပေးခဲ့ပြီး Notebook တွေ အနေနဲ့ Zenbook3, ASUS Transformer 3, ASUS Transformer 3 Pro တို့ကို မိတ်ဆက် ပြသပေးခဲ့ပါတယ်။

ASUS ရဲ့ Zenvolution ပြပွဲတွင် မိတ်ဆက်ခဲ့သည့် Zenfone 3 မျိုးနွယ်ဝင် ဖုန်းများ ဖြစ်ကြသော Zenfone3 Deluxe ၊ Zenfone3 ၊ Zenfone 3 Ultra (ဝဲမှယာ)

Zenvolution ဆိုတဲ့ ပြပွဲ အမည်နဲ့ လိုက်ဖက်အောင် ကုန်ပစ္စည်း အမျိုးအစား တစ်မျိုးခြင်းစီအလိုက် သိသိသာသာ ထူးခြားတဲ့ ဒီဇိုင်းတွေ၊ စွမ်းဆောင်ရည်တွေ အသီးသီး ပိုင်ဆိုင်ထားကြတာကို ပြပွဲရဲ့ ပြကွက်တွေ၊ သီးသန့် ပြခန်းတွေအတွင်းမှာ ထင်သာမြင်သာအောင် ပြသခဲ့ပါတယ်။ ပြပွဲကို ဖျော်ဖြေရေး အစီအစဉ်တွေ၊ ကံစမ်းမဲ အစီအစဉ်တွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

ASUS အသင်းသူ အသင်းသားများအား ပြပွဲတွင် မိတ်ဆက်ခဲ့သည့် ကုန်ပစ္စည်းသစ်များနှင့်အတူ တွေ့ရစဉ်

လက်ရှိအချိန်မှာ ASUS ဟာ အရှေ့တောင်အာရှ ဈေးကွက်မှာ ရောင်းအား အကောင်းဆုံး နံပါတ် (၂) နေရာက ရပ်တည်နေပြီး အခု မိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုလည်း မကြာမီအချိန်အတွင်း မြန်မာနိုင်ငံ ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top