စင်္ကာပူ SMU မှ အသိမှတ်ပြု ဂုဏ်ပြုဖော်ပြတဲ့ PhD ကျောင်းသူ မဆုမွန်ကြွယ်

sumonkyal-01.jpg

စင်္ကာပူ SMU (Singapore Management University) ကျောင်းရဲ့ ဝဘ်ဆိုဒ်မှာ မဆုမွန်ကြွယ် အကြောင်းကို ဖော်ပြထားလို့ ထပ်ဆင့်ပြန်လည် ဖော်ပြလိုက်ရ ပါတယ်။

မြန်မာပြည်ကနေ စင်္ကာပူ သွားရောက်လို့ ပညာသင်ခြင်း ဖြစ်ပါတယ်။ မစုမွန်ကြွယ်ဟာ SMU မှာ Information Systems ဘာသာရပ်တက်ခဲ့ပြီး ယခုတိုင်လည်း ပါရဂူတန်း တက်ရောက် ဆည်းပူး လေ့လာလျက် ရှိပါတယ်။ လက်ရှိမှာ SMU ရဲ့ Research Center မှာလည်း လုပ်ကိုင်လျက် ရှိပါတယ်။

သူမဟာ Google, Android တို့ရဲ့ နည်းပညာ အားနည်းချက် အချို့ကို ရှာဖွေပေးနိုင်ခဲ့ပြီး Google ရဲ့ ဂုဏ်ပြု ဆုလက်ဆောင်များလည်း ရရှိခဲ့ပါတယ်။ အမေရိကန် Carnegie Mellon တက္ကသိုလ် တစ်ခုမှလည်း ၁၀ လ ခေါ်ယူ သင်ကြားမှု ရရှိခဲ့ပြီး အမေရိကန်ရဲ့ ထိပ်တန်း ဆီလီကွန် တောင်ကြား နည်းပညာ မြို့မှာ Samsung Research America ကုမ္ဗဏီမှာ ၃ လ အလုပ်သင် လုပ်ကိုင် ပေးခဲ့ရပါသေးတယ်။ မစုမွန်ကို SMU က White Hat Hacker တစ်ယောက်အဖြစ် ဂုဏ်ပြု ဖော်ပြထားပါတယ်။

မစုမွန်ကြွယ်၏ Google မှ မှတ်တမ်းဓာတ်ပုံ

White Hat Hacker ဆိုတာ နည်းပညာကို ကောင်းကျိုးအတွက် ရည်ရွယ်ပြီးတော့ အားနည်းချက် ရှာဖွေ ဖော်ထုတ်ပေးရတဲ့ အလုပ် ဖြစ်ပြီး ကမ္ဘာမှာ လူနည်းစုသာ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်ချက်တွေဟာ ကမ္ဘာမှာ လူအနည်းငယ်သာ တွေ့ရှိ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်များ ဖြစ်တာကြောင့် သူမရဲ့ ပါမောက္ခတွေတောင် သူ့ကို “ဟက်ကာ တစ်ယောက်နဲ့ လုံးဝ မတူပါလား” လို့ မှတ်ချက်ပေးရသည်အထိ ဖြစ်ရပါတယ်။

သူမဟာ ပညာရေး၊ နည်းပညာမှာသာ ထူးချွန်ခြင်း မဟုတ်ပဲ အခြား ဘက်စုံမှာလည်း သွက်လက် လုပ်ကိုင်နိုင်သူ ဖြစ်ပါတယ်။ ဘာလို့လဲဆို ၁၃ မိုင် မာရသွန်ကို သုံးကြိမ် ပြေးခဲ့ပြီး ၄၂ ကီလိုမီတာ မာရသွန်ကိုလည်း ပြေးခဲ့ပြီး ဖြစ်ကြောင်း SMU ဝဘ်ဆိုဒ်မှ ဖော်ပြထားပါတယ်။

မစုမွန်ကြွယ် မာရသွန်ပြေးပွဲတွင် ပါဝင်ဆင်နွှဲပုံ

သူမဟာ ကျောင်းမပြီးသေးပေမယ့် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှ နည်းပညာ ကုမ္ဗဏီ တစ်ခုမှ Information Security Researcher အလုပ်ကို ကြိုတင် ခေါ်ထားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref : http://blog.smu.edu.sg/2016/08/01/a-phd-in-hacking

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top