ခရီးထွက်တဲ့အခါ ငွေကုန်ကြေးကျ ပိုများစေတဲ့အမှား (၁၂) မျိုး

travel-big.jpg

သင်က ခရီးထွက်ရတာကိုအရမ်းကြိုက်တဲသူဆိုရင် ခရီးထွက်တဲ့အခါမှာ သင့်ကိုယ်ပိုင်စည်းမျဉ်းလေးတွေ ထားထားမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ လေယာဉ်ကွင်းမှာ လေယာဉ်ဆိုက်တာနဲ့ ငွေလဲတဲ့နေရာ (သို့) တက္ကစီငှားရမယ့်နေရာကို ရှာနေရမယ်ဆိုရင်တော့ လူတော်တော်များများလုပ်မိတဲ့အမှားတွေကို ကျွန်တော်တို့ စီထားတဲ့အမျိုးအစားတွေကနေတစ်ဆင့် ဖတ်ထားသင့်ပါတယ်။ ဒီဟာတွေက သင့်ရဲ့ ငွေကြေးတွေကို ပိုစုဆောင်းမိစေပြီး နောက်ထပ် အံ့သြဖွယ်ရာကောင်းတဲ့စွန့်စားခန်းတွေအတွက် ငွေတွေကျန်စေမှာ ဖြစ်ပါတယ်။

(၁) ပိုက်ဆံကိုတစ်နေရာထဲမှာသိ်မ်းထားခြင်း

ပိုက်ဆံကိုသင်နဲ့အတူအမြဲထားတာဟာကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့ပိုက်ဆံတွေကိုတော့ အခြားလုံခြုံတဲ့နေရာမှာထားသင့်ပါတယ်။ သင့်ရဲ့အတွင်းအိတ်ထဲမှာ ထည့်ထားတာကလည်း အဲ့ဒီလောက်မလုံခြုံပါဘူး။ ရေချိုးဆပ်ပြာဘူးကြားထဲ (သို့) သင့်ရဲ့ ဖိနပ်အိပ် (သို့) သင့်ရဲ့ ခေါင်းဖြီးဘီးကြားထဲ ညှပ်ထားတာက ပိုလုံခြုံပါတယ်။ ခရီးသွားရတာကအရမ်းစိတ်ဖိစီးနိုင်ပါတယ်။ ဒါပေမယ့် သေသေချာချာနဲ့ လုံလုံခြုံခြုံစီစဉ်ခဲ့ရင်တော့ သင့်ရဲ့ခရီးမှာစိတ်ဖိစီးမှုတွေကို ရှောင်ရှားနိုင်ပြီးပျော်ရွှင်နိုင်မှာပါ။ ကျွန်တော်တို့ကလည်းသင်တို့ရဲ့ ခရီးသွား အတွေ့အကြုံကိုလည်း နားထောင်ချင်ပါသေးတယ်။ တစ်ခြား အကြံဥာဏ်များရှိရင်လည်း ကွန်မန့်မှာချန်ထားခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

(၂) အခြားခရီးသွား ဝန်ဆောင်မှုများကို မလေ့လာထားမိခြင်း

ကားအငှားဝန်ဆောင်မှုဟာ အရမ်းဈေးကြီးလွတ်လှပါတယ်။ အကယ်၍ ခရီးရှည်သွားမယ်ဆိုရင် လူထု ခရီးသွားဝန်ဆောင်မှု (သို့) Uberကိုစုံစမ်းကြည့်လို့ရပါတယ်။ ဟော်တယ်တွေကလည်းတစ်ခါတစ်ရံလေယာဉ်ကွင်းကိုဈေးသက်သက်သာသာနဲ့ သွားလို့ရအောင် ကားငှားပေးတတ်ပါတယ်။ အချို့သောဥရောပမြို့တွေမှာတော့ မြို့လယ်ကိုသွားတဲ့ လျှပ်စစ်ရထားတွေနဲ့ ဈေးသက်သက်သာသာသွားနိုင်ပါတယ်။

(၃) ခရီးသွားစာစောင်များကိုယုံကြည်လွန်းခြင်း

လေယာဉ်ပေါ်မှာထိုင်ခုံခါးပတ် ပတ်လိုက်တာနဲ့ အနားတစ်ဝိုက်မှာ ခရီးသွားမဂ္ဂဇင်းတွေ၊ သွားကိုသွားရမယ့်နေရာတွေကို ညွှန်ပြပေးတဲ့ ကြော်ငြာတွေက သင်စိတ်ဝင်စားလောက်မယ့် နေရာတွေကို ညွှန်ျ ပပေးပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေကစားသောက်ဆိုင်၊ ဟော်တယ်တွေနဲ့ ဝန်ဆောင်မှုကြော်ငြာတွေချည်းဖြစ်ပါလိမ့်မယ်။ စစ်မှန်ပြီးဈေးချိုတဲ့နေရာတွေကိုဘယ်တော့မှ မညွှန်ပြပေးပါဘူး။ အဲ့ဒါကြောင့် ခရီးမသွားခင် ဘယ်နေရာတွေကသွားရတန်သလဲဆိုတာ ကြိုတင်ရှာဖွေထားမှ ပိုအဆင်ပြေမှာပါ။ CamFind ဆိုတဲ့ မိုဘိုင်း app တွေမှာလည်း ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ကိုယ်သွားချင်တဲ့နေရာတွေကို ရှာဖွေနိုင်ပါတယ်။

(၄) ဘဏ်နှင့် ချိတ်ဆက် ပြောဆိုမှုမရှိခြင်း

သင်ဟာပထမဦးဆုံးအနေနဲ့ လက်ရှိ နိုင်ငံတကာငွေကြေးလဲလည်လို့ရတဲ့ကဒ်ကို ပဲသုံးဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။ ပြီးတော့ ခရီးသွားလက်ဆောင်ကဒ်ကိုအသုံးပြုတဲ့အခါ နိုင်ငံတကာ ငွေကြေးလဲလည်နှုန်း ပေးစရာမလိုတော့ပါဘူး။ သင့်ရဲ့ကဒ်ကိုပဲ အစဉ်တစိုက်သုံးနေမယ်ဆိုရင်တော့ သင့်ရဲ့ဘဏ်ကို သတင်းပေးထားဖို့လိုပါတယ်။ မဟုတ်ရင် သင်ဆက်တိုက်ထုတ်နေတဲ့ ငွေတွေကြောင့် သင်္ကာမကင်းဖြစ်ပြီး ကဒ်ကိုခနသုံးစွဲခွင့် ပိတ်လိုက်နိုင်ပါတယ်။

(၅) ခရီးသွားအာမခံမထားရှိခြင်း

နိုင်ငံခြားကိုခရီးသွားတဲ့အခါမှာ ကျွန်တော်တို့ကဘာမှမဖြစ်နိုင်ဘူးလို့ဘဲတွေးကြပေမယ့် တစ်ခါတစ်ရံဖြစ်လာတတ်ပါတယ်။ ရုပ်တရက် မတော်တဆဖြစ်မှာပိုက်ဆံအများကြီးသုံးမယ့်အစားကိုယ်ခရီးသွားတဲ့အခါ နည်းနည်းပါးပါးအကုန်ခံပြီးမှသွားတာဟာပိုတန်ပါတယ်။ ခရီးသွားအားမခံကိုဝယ်တယ်။ မလိုအပ်ခဲ့ဘူးဆိုရင်တောင် ထပ်ဝယ်ပါ။ အဲ့ဒါကအရေးကြီးပါတယ်။

(၆) ဝန်ဆောင်မှုအတွက် ဘောက်ဆူးပေးတဲ့ မူကိုမသိခြင်း

အမေရိကန်နိုင်ငံအပါအဝင် တစ်ချို့နိုင်ငံတွေမှာဝန်ဆောင်မှုအတွက် ကျေးဇူးတင်တုံ့ပြန်တဲ့ငွေပေးတဲ့ဟာက ကျသင့်ငွေထပ် ၁၅ကနေ ၂၀ ရာခိုင်နှုန်းထိရှိပါတယ်။ ဥရောပနိုင်ငံတွေမှာကတော့ ကိုယ့်ရဲ့ ဘေလ်မှာပါပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက် ခရီးမထွက်ခင် နည်းနည်းလေ့လာထားမှ ကြောင်အမ်းအမ်းဖြစ်မနေတော့မှာဖြစ်ပါတယ်။

(၇) ခါးပတ်နှိုက်ခံရခြင်း

သင့်အိမ်နဲ့ အဝေးကြီး နိုင်ငံခြားတစ်နေရာမှာစာရွက်စာတမ်းတွေ၊ ခရတ်ဒစ်ကဒ်တွေ နဲ့ ဖုန်းပျောက်တာထက်ပိုပြီး ဆိုးတာမရှိပါဘူး။ ခါးပိုက်နှိုက်တွေကို မဆွဲဆောင်ချင်ဘူးဆိုရင် ဈေးကြီးတဲ့ ဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေနဲ့ အိတ်တွေကို ဝတ်ဆင်ဖို့မကြိုးစားပါနဲ့။ တန်ဖိုးရှိတဲ့အရာတွေကို အိတ်တစ်လုံးချင်းစီမှာ ခွဲထားပါ။ ဟော်တယ်မှာပဲ လုံလုံခြုံခြုံချန်ထားပါ။ ပြီးတော့ သင်ပိုင်ဆိုင်တဲ့ အရာတွေကိုလည်း အမြဲစောင့်ကြည့်ထားပါ။

(၈) ငွေလဲခြင်း

ဟုတ်ပါတယ်။ သင့်ရဲ့ ဘဏ်စာကဒ်ဟာ လက်ရှိငွေကြေးဈေးနှုန်းအတွက် သယ်သွားဖို့ အသင့်တော်ဆုံးပါဘဲ။ အဲ့ဒီအတွက် ငွေသားကိုဘဲခရီးသွားတဲ့အခါ အများကြီးသယ်မသွားမိပါစေနဲ့။ အဲ့ဒီအခါမှာငွေလဲတဲ့အခါ ပေးရတဲ့အပိုအခကြေးငွေကိုလည်းပေးစရာမလိုပါဘူး။ ငွေလဲဖို့သာ ဘဏ်ကဒ်ထဲမှာ ငွေသားရှိတာသေချာပါစေ။

(၉) ကြိုတင်ဘွတ်ကင်လုပ်ခြင်း

သင့်မှာစီစဉ်ပြီးသားအချိန်စာရင်းအတိအကျရှိနှင့်ရင်တော့ ဟိုတယ်နဲ့ ယာဉ်တွေ ဘွတ်ကင်လုပ်တာကအဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင်တော့ ကြိုတင် ဘွတ်ကင်လုပ်တာတွေကိုတတ်နိုင်သမျှရှောင်ကြဉ်တာအကောင်းဆုံးပါဘဲ။ သင်ကြိုက်တဲ့နေရာတစ်ခုခုကိုရောက်ရင် သင့်စိတ်ကြိုက်၊ ကြိုက်သလောက်နေနိုင်ပြီး ဟော်တယ်ဈေးတွေ ချနေတယ်ဆိုရင်လည်း ပိုနေလို့ရပါတယ်။ ဒီနေရာကနေ သင်ကစောစောထွက်ချင်တယ်ဆိုရင်လည်း လေယာဉ်အချိန်ပြောင်းတာအတွက် ပိုက်ဆံပိုပေးစရာမလိုပါဘူး။

(၁၀) ကားကိုအခြားသူတွေနဲ့ ဝေမျှစီးဖို့ မတွေးမိတာ

သင့်အတွက်အနေနဲ့ Couchsurfingတို့ရဲ့ ဝန်ဆောင်မှုလိုမျိုး အိမ်တွေ၊ အိပ်ခန်းတွေ မျှဝေနေတာ မဆန်းပေမယ့် ကားတွေကိုတော့ ဝေမျှစီးတာတို့က စိမ်းနေပါလိမ့်မယ်။ BlaBlaCarဆိုတဲ့ မိုဘိုင်း app တွေကတော့ တစ်ခြားသောခရီးသွားတွေနဲ့ ယာဉ်ကို မျှဝေစီးနင်းနိုင်ပါတယ်။

(၁၁) ဘလောက် (၆) စည်းမျဉ်းကိုမေ့ထားခြင်း

ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာ (၆) ဘလောက်ဝန်းကျင်မှာ တွေမှာအစားအစာဟာ ၂ဆဈေးကြီးပါတယ်။ ခရီးသွားဧည့်သည်တွေ ထူထပ်နေတဲ့နေရာကနေ အဝေးကိုလျှောက်သွားပြီးတော့ ပိုပြီးစစ်မှန်ဈေးချိုတဲ့နေရာတွေမှာတစ်ခုခုသွားစားပါ။ သန့်ရှင်းတဲ့ လမ်းဘေးအစားအစာတွေကိုရွေးချယ်တာကလည်းသိပ်မဆိုးပါဘူး။

(၁၂) နေ့အချိန်ခရီးထွက်ခြင်း

ညအချိန်ဟာအိပ်ရမယ့်အချိန်ပါ။ ဒါပေမယ့် နေရာတစ်ခုခုမှာသွားအိပ်မယ့်အစား အဲ့ဒီငွေတွေကို စုထားမလား။ ညရထား (သို့) ဘတ်စ်ကားကိုစီးပြီး ခရီးထွက်မယ်ဆိုရင်တော့ အဲ့ဒီနေ့မှာကုန်ကျမယ့် အခန်းခကိုစုထားနိုင်မှာဖြစ်ပါတယ်။

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top