အဲဗာတန်အသင်းထံ ပေါင် ၂၀ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှုး ဝဲကော့

9-7-2020-yyl-022.jpg

အာဆင်နယ်တိုက်စစ်မှုး ဝဲကော့ဟာ အဲဗာတန်အသင်းကိုပြောင်းရွှေ့ကြေး ပေါင် ၂၀ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ဝဲကော့ဟာ အဲဗာတန်အသင်းနဲ့ (၃)နှစ်ခွဲစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ်ရှိ ဝဲကာ့ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း နည်းပြ ဆမ်အလာဒိုက်စ် ခေါ်ယူတဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာပါတယ်။ အဲဗာတန်ကို ပြောင်းရွှေသွားလို့ ဝဲကော့ရဲ့ အာဆင်နယ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့မှု အဆုံးသတ်သွားပြီဖြစ်ပါတယ်။

ဝဲကော့ဟာ အာဆင်နယ်သင်းမှာ ၁၂ နှစ်ကြာ ကစားချိန်အတွင်း ပွဲပေါင်း ၃၉၇ ပွဲ ကစားခဲ့ပြီး ၁၀၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဝဲကော့ဟာ အသင်းဟောင်း ဆောက်သမ်တန်ရဲ့ စိတ်ဝင်စားမှုခံရပေမယ့် အဲဗာတန်အသင်းကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝဲကော့ဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်း အတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ဘဲ အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ် လက်အောက်မှာ ကစားသမားဘဝ ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်တိုက်စစ်မှုး ဝဲကော့က အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။ ဒါအပြင် သူရဲ့ ကစားသမား ဘဝပြန်လည်တောက်ပလာစေဖို့ လိုလားနေပြီး အဲဗာတန်အသင်းကို ချန်ပီယံဆုတွေရအောင် ကြိုးပမ်းသွားမယ်လို့ တိုက်စစ်မှုးဝဲကော့ကပြောပါတယ်။
Ref: BBC Sport: Theo Walcott: Everton sign forward from Arsenal

ကောင်းထက်ငွေ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top