Instagram ကို ဘာကြောင့် အသုံးပြုသင့်သလဲ

Instagram-Update.png

Instagram ဆိုတာဟာ လူမှုကွန်ရက် app တစ်ခုဖြစ်ပြီး မိမိဖုန်းထဲက ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဝေမျှလို့ရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Instagramပေါ်မှာဓာတ်ပုံ (သို့) video တစ်ခု တင်မယ်ဆိုရင် ကိုယ့်ရဲ့ Profile မှာ ပေါ်နေပါတယ်။

သင့်ကို follow လုပ်ထားတဲ့ တစ်ခြား Instagram အသုံးပြုသူတွေဟာလည်းသူတို့ရဲ့ feed မှာ တွေ့နေနိုင်ပါတယ်။ အဲ့ဒီအတိုင်ဘဲသင် follow လုပ်ထားတဲ့သူတင်သမျှ ပုံတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ ရိုးရိုးလေးဘဲ မဟုတ်လား။ facebook ကိုဘဲ ပိုပြီး ရိုးရှင်းတဲ့ပုံစံ ပြောင်းထားပြီး အမြင်ပိုင်းဆိုင်ရာကို ပိုပြီး အသားပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပြီးတော့ comment ပေးတာတို့၊ like လုပ်တာတို့၊ tag လုပ်တာတို့နဲ့ လျှို့ဝှက် စာတို ပို့တာတို့ လုပ်နိုင်ပါတယ်။ Instagram ပုံတွေကိုလည်း သိမ်းထားနိုင်ပါတယ်။

Instagram ၏ မြန်မာနိုင်ငံတွင် အသုံးပြုမှု

မြန်မာနိုင်ငံတွင် Instagram အသုံးပြုသူ ၆သန်း ရှိပါတယ်။ ဒါပေမယ့် active ဖြစ်တဲ့အကောင့်တွေ ပိုနည်းပါတယ်။ facebook အသုံးပြုသူဦးရေ ကသာ ပိုများပြီးတော့ status တွေရဲ့ နေရာယူမှုတွေကလည်း များလာပါတယ်။ မြန်မာနိုင်ငံက လူတော်တော်များများကလည်း Instagram ကို အသုံးပြုမှု နည်းသေးတဲ့အတွက် မိမိ လေ့လာလိုတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို လွတ်လွတ်လပ်လပ် ရှာဖွေ ကြည့်ရှုနိုင်ပြီး နိုင်ငံအတွင်း cyber bullying လုပ်နိုင်ခံရချေလည်း နည်းသေးပါတယ်။

ဘာကြောင့်လူတွေက Instagram ကို ကြိုက်ကြတာလဲ။

စိတ်ခံစားချက်တွေကို ရေးဖွဲနေတဲ့ အရေးအသားတွေထက် ပျော်ရွှင်စရာ ဓာတ်ပုံတွေ၊ လူနေမှုပုံစံ ဓာတ်ပုံတွေ၊ ခရီးသွားလာရေး ဓာတ်ပုံတွေက ပိုများတာမို့ သုံးသင့်တဲ့ Social Media တွေထဲမှာ ပါပါတယ်။ မိမိ တွေ့ချင် မြင်ချင်သော ပုံများကိုသာ ရွေးချယ် ကြည့်ရှုနိုင်ပြီး မိမိပုံများအားလည်း အခြားသူများ ကြည့်ရှုနိုင်ရန် hastag လေးများခံပြီး တင်ပါက မိမိအား follow မလုပ်ထားသော်လည်း like များ၊ follower များများလာနိုင်ပါတယ်။

Video များကိုလည်း စက္ကန့်ပိုင်းသာ တင်ခွင့်ရှိတဲ့အတွက် Instagram မှာ video တွေကို အီလည်နေအောင် အကြာကြီး ကြည့်ဖို့ မလိုတဲ့အတွက် လူကြိုက်များတာလည်း ဖြစ်ပါတယ်။ အချုံ့ပြောရရင် Instagram ဟာ facebook ထက်စာရင် ပိုပြီးတော့ သိပ်သည်းပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံ၊ ခရီးသွားလာရေးလုပ်ငန်းတွေကို အဲ့ဒီမှာ ရှာရတာ ပိုလွယ်ကူပါတယ်။ တစ်ကမ္ဘာလုံးကလည်း Instagram ကို facebook လို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့အတွက်လည်း ကိုယ့်ရဲ့ လူမှုကွန်ရက်ကို instagram ကနေတစ်ဆင့် ဖြန့်နိုင်တဲ့အတွက် instagram ဟာ အသုံးပြုသင့်တဲ့ social media app တစ်ခု ဖြစ်ပါတယ်။

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top