Venda နှင့် ထာဝရ ရှင်သန်နေမယ့် ချစ်ခြင်းတရား

story.gif

ချစ်သောခင်ပွန်းဆုံးပါးချိန်ဆိုပေမဲ့ သမီးလေးရှိသေးတဲ့အတွက် ခင်ပွန်းအသုဘအချိန်မှာတောင် သမီးပျော်နေအောင်ဆော့ပေးနိုင်တဲ့ အံ့ဩစရာကောင်းလောက်အောင် ကြံ့ခိုင်သန်မာနေတဲ့ အစ်မ ‪#‎Venda…

Venda ဟာ ၁၈ရက်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြင့် ကွယ်လွန်သွားရှာတဲ့ ထိုင်းထိပ်တန်းမင်းသား Por Tridsadee ရဲ့ ဇနီးသည်ပါ။ စကားလုံးတွေနဲ့ မပြောပြတတ်လောက်အောင် လေးစားမိပါတယ်။

မိခင်မေတ္တာဆိုတာကို ထင်းထင်းလင်းလင်းမြင်လိုက်ရပါတယ်။

အစ်မရေ… ဖြစ်နိုင်ရင် ဒီစကားပြေလေး အစ်မကိုရွတ်ပြချင်ရဲ့။ ဒီစကားပြေလေးကြားရင် အစ်မ နည်းနည်းလေးဖြစ်ဖြစ် အဆင်ပြေသွားမယ်လို့ မျှော်လင့်မိတယ်။ မိန်းကလေးချင်းမို့ ပုံတွေကိုကြည့်တာနဲ့ အစ်မရင်ထဲဘယ်လောက်ဖြစ်နေမလဲဆိုတာ နားလည်ခံစားမိပါရဲ့။ အစ်မရဲ့မျက်လုံးတွေက ပြောပြနေတယ်။ ကောင်းကင်ကြီးပြိုကျသွားသလို ကမ္ဘာကြီးတစ်ခုလုံးပျောက်ကွယ်သွားသလို အစ်မခံစားနေရတယ်။ ဒါပေမဲ့ အမေ့တစ်မျက်နှာသာ သူ့အတွက်တစ်ကမ္ဘာဖြစ်နေရှာပြီဖြစ်တဲ့ ဘာမှမသိရှာသေးတဲ့ နှစ်နှစ်သမီးလေးမျက်နှာကိုမြင်နေလို့သာ အစ်မတင်းခံနေတယ်။ ဒီနေ့ သမီးလေးငိုနေတဲ့ပုံတွေတွေ့ရတာ သူ့ဖေဖေ ထာဝရပြန်မလာတော့ဘူးဆိုတာ နားလည်သွားပြီနဲ့တူရဲ့။

သမီးရှေ့မှာ အတတ်နိုင်ဆုံး မျက်ရည်မကျမိအောင် နဖူးကြောတွေထောင်၊ လည်ပင်းကြောတွေထောင်လောက်အောင် အစ်မတင်းခံနေတာ မြင်ရတာ စိတ်မကောင်းဘူးအစ်မရယ်။ အစ်မ သမီးကိုဖက်ပြီးငိုတာ တစ်ပုံပဲတွေ့ပါတယ်။ တော်လိုက်တာ အစ်မရယ်။ ပြီးတော့ လူစိတ်ပျောက်နေတဲ့ အရမ်းဆိုးဝါးလွန်းတဲ့ သတင်းထောက်တွေရဲ့ဒဏ်ကိုလဲ စိတ်ရှည်သည်းခံခွင့်လွှတ်နိုင်တာ အရမ်းအံ့ဩလေးစားရပါတယ်။

အစ်မရေ… စကားပြေလေး စရွတ်ပြမယ်နော်။( ဒီစကားပြေလေး အစ်မဆီရောက်အောင် ညီမကြိုးစားကြည့်ပါအုံးမယ်။) ဒီစကားပြေလေးကို ရေးဖွဲ့သူက Nobel Peace Prize ဆုရှင်တစ်ဦးလည်းဖြစ်တဲ့ ကမ္ဘာကျော်စာရေးဆရာ ကဗျာဆရာ ဆရာကြီးဒေါက်တာရာဘင်ဒြာနတ်တဂိုးပါ။

” TULSIDAS, the poet, was wandering, deep in thought, by the Ganges, in that lonely spot where they burn their dead. He found the woman, sitting at the feet of the corpse of her dead husband, gaily, dressed as for a wedding.

She rose as she saw him, bowed to him, and said, ” Permit me, Master, with your blessing, to follow my husband, to heaven.”
“Why such hurry, my daughter?” asked Tulsidas.

“Is not this earth also His who made heaven?”
“For heaven, I do not long,” said the woman. I want my husband.”
Tulsidas smiled and said, ” Go back to your home, my child. Before the month is over, you will find your husband.”

Woman went back with glad hope. Tulsidas came to her every day and gave her high thoughts to think, till her heart was filled to the brim with‪#‎divine‬ love.

When the month was scarcely over, her neighbours came to her, asking, ” Woman, have you found your husband?”
The widow smiled and said, “I have.”
Eagerly they asked, “Where is he?”
“In my ‪#‎heart‬ is my lord, one with me”, said the woman. တဲ့…

သုစိဒါ လို့ခေါ်တဲ့ ကဗျာဆရာကြီးဟာ ဂဂါၤမြစ်ကမ်းဘေးမှာ ခြေဦးတည့်ရာ လမ်းလျှောက်နေပါတယ်။ တစ်နေရာအရောက်မှာ အလောင်းမီးရှို့တဲ့နေရာကို လျှောက်မိလျက်သားဖြစ်သွားပါတယ်တဲ့။ အဲဒီ့မှာ ခင်ပွန်းအလောင်းရဲ့ခြေရင်းမှာ အဝတ်အစားကို မင်္ဂလာဆောင်တော့မယ့် သတို့သမီးလေးလို တောက်ပလှပစွာဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးထိုင်နေတာကို သူတွေ့လိုက်ပါတယ်။

အမျိုးသမီးဟာ ကဗျာဆရာကြီးကို တွေ့တာနဲ့ မတ်တပ်ရပ်ဦးညွတ်ပြီး အရိုအသေပေးပါတယ်တဲ့။

ပြီးတော့ “သမီးခင်ပွန်းသွားရာ ကောင်းကင်ဘုံကို သင့်ရဲ့ဆုမွန်ကောင်းတွေနဲ့ အတူလိုက်သွားခွင့်ပြုပါ” လို့ အဲဒီ့အမျိုးသမီးလေးက ပြောပါတယ်တဲ့။
ကဗျာဆရာကြီး သုစိဒါက..”ဘာလို့ ဒီလောက်အရင်လိုနေတာလဲ သမီးရယ်။ ဒီကမ္ဘာမြေဟာလည်း သမီးလေးခင်ပွန်းသွားတဲ့ ကောင်းကင်ဘုံလိုပဲ မဟုတ်ဘူးလားကွယ် ” ဆိုပြီးပြန်ပြောလိုက်ပါတယ်။

အမျိုးသမီးလေးက “ကောင်းကင်ဘုံရောက်ဖို့ သမီးအကြာကြီးမစောင့်နိုင်တော့ပါဘူးရှင်။ သမီးရဲ့ ခင်ပွန်းကိုလွမ်းလှပါပြီ။ ပြန်လိုချင်တယ်” ပြောရှာတယ်။ အဲဒီ့မှာ ကဗျာဆရာကြီး သုစိဒါက ပြုံးပြီးတော့ “အိမ်ကိုပြန်တော့ သမီးလေးရယ်။ ဒီလကုန်ရင် သမီးရဲ့ခင်ပွန်းကို သမီးပြန်တွေ့မှာပေါ့” လို့ပြောလိုက်တယ်။ အမျိုးသမီးလေးဟာ ပျော်ရွှင်စရာမျှော်လင့်ချက်တွေနဲ့ အိမ်ပြန်သွားခဲ့တယ်။ ကဗျာဆရာကြီး သုစိဒါဟာ အမျိုးသမီးလေးဆီ နေ့တိုင်းလာပြီး မြင့်မားတဲ့အတွေးအခေါ်တွေကိုသင်ကြားပေးတာဟာ သူမရဲ့နှလုံးသားမှာ Divine Love ဆိုတာကို လုံးဝနားလည်သဘောပေါက်သွားတဲ့အထိပါပဲတဲ့။

ဒီလိုနဲ့ပဲ တစ်လဆိုတဲ့အချိန်ဟာ ခက်ခက်ခဲခဲနဲ့ကုန်လွန်သွားခဲ့တယ်။ တစ်လပြည့်တဲ့နေ့မှာ သူမရဲ့အိမ်နီးနားချင်းတွေက သူမကိုမေးကြတယ်။  “မိန်းကလေး၊ မင်းခင်ပွန်းကို တွေ့ပြီလား” တဲ့။

အမျိုးသမီးက အပြုံးပန်းလေးနဲ့ပြန်ဖြေတယ်။ “တွေ့ပြီရှင့်” တဲ့။ အိမ်နီးချင်းတွေက စိတ်ဝင်တစားနဲ့ထပ်မေးကြတယ်။ “ဘယ်မှာလဲကွယ့်?” သူမပြန်ဖြေလိုက်တယ်…

” ‪#‎ကျွန်မနှလုံးသားထဲမှာသူကျွန်မနဲ့အတူရှိနေပါတယ်‬” တဲ့ကွှယ်။ စကားပြေလေးကတော့ ဒါလောက်ပါပဲ။ ညီမလဲ မမအိဖြူဆုံးတုန်းက ဒီစကားပြေလေးရယ် တရားတော်တွေရယ်နဲ့ ဖြေခဲ့ စိတ်သက်သာရာရှာခဲ့ဖူးပါတယ်။ အစ်မအတွက် ဒီစကားပြေလေးဟာ နည်းနည်းလေးဖြစ်ဖြစ် အထောက်အကူဖြစ်လောက်မှာပါ။ အစ်မဆီကို ဒီစကားပြေရောက်အောင် ညီမကြိုးစားကြည့်ပါ့မယ်။ဖြစ်နိုင်ရင် အခုပြောတာတွေကိုရောပေါ့။ ချစ်သောသူဆိုတာ အသက်ရှင်နေမှမဟုတ်ပါဘူး အစ်မရယ်။ ညီမတို့ နှလုံးသားထဲမှာ သိမ်းထားရင် သူတို့ဟာ ညီမတို့နဲ့အတူတူ အမြဲရှိနေရှင်သန်နေတာပါ။ လူတိုင်းဟာ တစ်နေ့နေ့တော့ ထာဝရခွဲခွာရမယ့်သူတွေချည်းပါပဲ။ ရှင်ကွဲပဲ ကွဲကွဲ သေကွဲပဲကွဲကွဲ ဘယ်လိုကွဲကွာခြင်းမှ မကောင်းပါဘူး။ ဒါပေမဲ့ ချစ်ခြင်းတွေနဲ့ခွဲခွာခြင်း ကွဲကွာခြင်း၊ မုန်းခြင်းတွေနဲ့ခွဲခွာခြင်း ကွဲကွာခြင်း ကတော့ ကွာခြားပါတယ်။

အစ်မတို့ နှစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ ကွဲကွာသွားခဲ့ကြတာပါ။ ဒါပေမဲ့ ရင်ထဲမှာ မြတ်မြတ်နိုးနိုးသိမ်းထားပြီး အစ်မနဲ့အတူ အမြဲရှိနေခွင့်ကို အစ်မရနေပါသေးတယ်။ ပြီးတော့ အစ်မတို့နှစ်ယောက်ရဲ့ ရင်သွေးလေး အရမ်းချစ်စရာကောင်းတဲ့ သမီးလေးလဲ အစ်မနားမှာရှိနေသေးတယ်လေ။ ညီမရဲ့ ဒီစာလေးက အစ်မကို တစ်စုံတစ်ရာ စိတ်သက်သာမှုပေးစွမ်းနိုင်ပါစေ။

Note: ချစ်သောသူနဲ့ ကွဲကွာခြင်းတွေအတွက် ပူဆွေးသောကရောက်နေကြရသူများ ဒီစကားပြေလေးဖတ်မိပြီး တစ်စုံတစ်ရာသော စိတ်သက်သာမှုရကြပါစေဖို့ မျှော်လင့်ပါတယ်..။ဒီအစ်မကို ပြောပြနေတဲ့အရေးအသား စတိုင်နဲ့ရေးထားတဲ့ ကိုယ့်ရဲ့ဒီစာဟာ ကွဲကွာခြင်းတွေအတွက် ပူဆွေးသောကရောက်နေကြသူများအားလုံးအတွက် ရည်ရွယ်ပါတယ်။ အားလုံး ပျော်ရွှင်ငြိမ်းအေးကြပါစေ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top