ခဏတာ နာကျင်မှုနှင့် ထိုက်တန်သော အောင်မြင်မှု

approaching-the-success-PHY3FUM.jpg

ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ ” Unbreakable ” ရုပ်ရှင်ထဲမှာ မင်းသားရဲ့ အစ်ကိုဖြစ်သူက သူ့ညီဟာ ဂျပန်က အိုလံပစ်မှာ မာရသွန်ပြေးဖို့ သွားခါနီးမှ လှမ်းအော်ပြောတယ်။

သူ့ညီက ရထားပေါ်မှာပေါ့။ “A moment of pain is worth a lifetime of glory”.
ခဏတာ နာကျင်မှုက တစ်သက်စာ အောင်မြင်မှုအတွက် ပေးဆပ်ထိုက်တယ်လို့ အဓိပ္ပာယ်ဆိုလိုပါတယ်။

ယင်း ခံစားချက်ကို ကိုယ်ကာယကို အသုံးပြုတဲ့ အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးသူတိုင်း သိပါလိမ့်မယ်။ မာရသွန်ကဲ့ သိုင်းအားကစားလည်း ထိုနည်းတူစွာပါပဲ။ ခဏတာ ထုတ်သုံးလိုက်တဲ့ အားအင်အတွက် ရလဒ်က အရှေ့ဆုံးကို ဖြစ်စေနိုင်ပါတယ်။ တာဝေး ရေကူးတဲ့အခါမှာလည်း နောက်ဆုံး မီတာ ငါးရာမှာ အားပိုထည့်နိုင်သူဟာ ရလဒ် ပိုကောင်းပါတယ်။ နောက်ဆုံးမီတာ မှ မဟုတ်ပါဘူး။ ပြိုင်ပွဲ စတင်ကတည်းက အားသွန်ခွန်စိုက် ကြိုးကုတ်ကြိုးပမ်းရပါတယ်။

အောင်မြင်ချင်စိတ် ရှိတဲ့ လူတစ်ယောက်ဟာ သာမန်လူတွေလို လုပ်နေ၊ ကိုင်နေလို့ မရပါဘူး။ သာမန်လူတွေ အသုံးချတဲ့ စိတ်အင်အား၊ ကိုယ်အင်အားထက် ကိုယ်က ပိုစိုက်ရပါတယ်။ Work hard (အလုပ်ကြိုးစားအားထုတ်မှု) ဖြစ်ဖို့ မလိုဘူး Work Smart ဖြစ်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် Work hard မပါဘဲနဲ့လည်း မရပါဘူး။

ခဏတာ ပေးဆပ်လိုက်တဲ့ ကြိုးစားအားထုတ်မှုက တစ်ဘဝစာအတွက် မှတ်တိုင် တစ်ခု ဖြစ်သွား နိုင်ပါတယ်။ ပထမရလို့ နံပါတ်တစ်ရလို့ ဘာလုပ်ရမှာလဲလို့ မရဖူးသူများကတော့ ပြောကြမှာပါ။ ဒါပေမယ့် ပထမရတဲ့ အရသာ ဘယ်လိုနေသလဲ ဆိုတာ ပထမရသူတိုင်းပဲ သိကြပါလိမ့်မယ်။

ဘဝမှာ မိမိရဲ့ လုပ်ဆောင်ချက် တစ်ခုခုကို လူအများက အသိအမှတ်ပြုပေး ချီးကျူးကြတဲ့အခါ အောင်မြင်မှုရဲ့ အရသာ တစ်ခုကို သင်ရရှိပါလိမ့်မယ်။

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top