အဲလိစဘတ်(၂)ဘုရင်မရဲ့ မင်္ဂလာပွဲမှာ တည်ခင်းခဲ့တဲ့ (၇၇)နှစ် သက်တမ်းရှိ ကိတ်မုန့်တစ်စိတ် ကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်

13.11.2024-yyl-1.jpg

လွန်ခဲ့တဲ့ ၇၇ နှစ်တုန်းက အဲလိစဘတ်(၂)ဘုရင်မနဲ့ မင်းသားဖီးလစ်တို့ရဲ့ မင်္ဂလာပွဲမှာ ကျွေးမွေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။

(ထိုစဉ်က) မင်းသမီး အဲလိစဘတ်ရဲ့အမှတ်အသားပါ ဘူးနဲ့ ထည့်ထားပြီး ပုံနှိပ်ထားတဲ့စာတစ်စောင်လည်း ပါပါတယ်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ တည်ခင်းဖို့ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ကိတ်မုန့်ကြီး ဖုတ်ခဲ့တာဖြစ်ပြီး အခုလေလံတင်ခဲ့တဲ့ ကိတ်မုန့်ကတော့ စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့မှာရှိတဲ့ ဟိုလီရုဒ်အိမ်တော်ထိန်း မာရီယွန်ပိုလ်ဆန်ကို ပေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ် ဖြစ်ပါတယ်။

ရီမန်းဒန်ဆီလေလံကုမ္ပဏီရဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၁ ဒေါ်လာနဲ့ လေလံအောင်ခဲ့တာပါ။

Ref: 77-year-old slice of Queen Elizabeth II’s wedding cake sells for $2,800
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top