Miss Universe Korea အလှမယ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နေပြီဖြစ်တဲ့ အသက် ၈၀ အရွယ်အလှမယ်

30.9.2024-yyl-1.jpg

၁၉၅၂ ခုနှစ်မှာ ပထမဆုံး Miss Universe အလှမယ်ပြိုင်ပွဲကို မကျင်းပခင် ချွိုက်ဆွန်းဟွာဆိုတဲ့ အမျိုးသမီး မွေးဖွားလာခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပါပြီ။ အခုဆို သူဟာ နိုဝင်ဘာလကျ မက္ကစီကိုမှာ ကျင်းပမယ့် Miss Universe ဖိုင်နယ်ပွဲမှာ တောင်ကိုရီးယားကိုယ်စားပြုအလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့်အခွင့်အရေးရှိနေပါပြီ။

သူဟာ Miss Universe Korea 2024 သရဖူကိုဆောင်းဖို့အတွက် စက်တင်ဘာ ၃၀ ရက်နေ့ကျရင် အခြားနောက်ဆုံးဆန်ကာတင်အလှမယ် ၃၁ ဦးနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ ချွိုက်ဆွန်းဟွာသာ Miss Universe Korea 2024 သရဖူကိုဆောင်းရမယ်ဆိုရင် Miss Universe အလှမယ်ပြိုင်ပွဲမှာ အသက်အကြီးဆုံးဝင်ရောက်ယှဉ်ပြိုင်သူဖြစ်လာမှာပါ။

“အသက် ၈၀ အရွယ်အမျိုးသမီးကြီးက ဘယ်လိုလုပ် အရမ်းကျန်းမာနေရတာလဲ”၊ “အဲ့ဒီခန္ဓာကိုယ်ဖြစ်အောင် ဘယ်လိုထိန်းသိမ်းခဲ့တာလဲ”၊ “Diet ကဘာလဲ”လို့ ပြောရလောက်အောင် ကမ္ဘာကြီးကို ဆွဲဆောင်ချင်တယ်လို့ ချွိုက်ကပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း မွေးဖွားခဲ့ပြီး ကိုရီးယားစစ်ပွဲရဲ့ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်လွှားခဲ့တဲ့ ချွိုက်က ဖက်ရှင်မော်ဒယ်တစ်ယောက်ဖြစ်လိုတဲ့အိပ်မက်ရှိခဲ့တာပါ။ အသက် ၇၂ နှစ်မှာ အကြွေးရှိတာကြောင့် freelance Care Nurse အဖြစ် သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြန်စတင်ဖို့ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့သူက မော်ဒယ်ဖြစ်လိုတဲ့သူ့အိပ်မက်ကိုလည်း လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့လူနာတစ်ယောက်က မော်ဒယ်အလုပ်ကို ကြိုးစားကြည့်ဖို့ အကြံပြုခဲ့ပါတယ်။ ချွိုက်က Harper’s Bazaar နဲ့ Elle ကိုရီးယားမဂ္ဂဇင်းတွေမှာ မော်ဒယ်အဖြစ် ပါဝင်ခွင့်ရခဲ့သလို ၂၀၂၅ ခုနှစ်ကျ Seoul Fashion Week မှာ ပါဝင်တော့မှာဖြစ်ပါတယ်။

Ref: 80-year-old a finalist at Miss Universe Korea pageant

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top