ကိုဗစ်ကူးစက်ခံနေရတဲ့ ဘောလိဝုဒ်မင်းသားချော ရန်ဘီယာ ကာပူးရ်

9-3-2021-yyl-06.jpg

ဘောလိဝုဒ်မင်းသား ရန်ဘီယာ ကာပူးရ် (Ranbir Kapoor) ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ မင်းသားရဲ့မိခင် သရုပ်ဆောင် နီတူး (Neetu) ကလည်း ရန်ဘီယာ ကိုဗစ်ပိုးကူးစက်ခံနေရတယ်ဆိုတာကို အင်စတာဂရမ်မှာ အတည်ပြုပေးခဲ့ပါတယ်။ “ပရိသတ်တွေ စိုးရိမ်ပြီး ဆုတောင်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်ဘီယာမှာ ကိုဗစ်- ၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဆေးကုသမှုခံယူနေပြီး ပြန်လည်ကောင်းမွန်လာနေပါပြီ။ အိမ်မှာပဲ Quarantine ခံယူနေပြီး လမ်းညွှန်ချက်အားလုံးကို လိုက်နာနေပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

အစောပိုင်းတုန်းကတော့ ရန်ဘီယာရဲ့ဦးလေးက သူ့ရဲ့တူလေး ဘာဖြစ်နေလဲဆိုတာ သေချာမသိသလို ကိုဗစ်ပိုးကူးစက်ခံနေရလားဆိုတာ မသေချာဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ Bollywood Hungama သတင်းဌာနက ရန်ဘီယာဟာ ကိုဗစ်ကူးစက်ခံနေရပြီး လက်ရှိမှာ Quarantine ခံယူနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းဌာနက အတည်ပြုဖို့အတွက် ရန်ဘီယာကို ဆက်သွယ်ခဲ့ပေမဲ့သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့ အကြောင်းအရင်းကိုတော့ ထုတ်ဖော်မပြောနိုင်ခဲ့ပါဘူး။

ရန်ဘီယာရဲ့မိခင် နီတူးကလည်း Jug Jug Jeeyo ဇာတ်ကားရိုက်ကူးရင်းနဲ့ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရဖူးပါတယ်။ သူ့ရဲ့တွဲဖက်သရုပ်ဆောင် ဗာရမ် ဒါဝမ် (Varun Dhawan) ကလည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။ ရန်ဘီယာဟာ ဇာတ်ကားတော်တော်များများ ရိုက်ကူးဖို့ရှိနေပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ သူ့ရဲ့ချစ်သူမင်းသမီး အလီယာဘတ် (Alia Bhatt) နဲ့အတူ ရိုက်ကူးမယ့်ဇာတ်ကားလည်းပါဝင်သလို အခြားအနုပညာရှင်တွေနဲ့ သရုပ်ဆောင်မယ့်ဇာတ်ကားတွေလည်း ပါဝင်ပါတယ်။

Ref: Tribune “Ranbir Kapoor tests positive for Covid-19, confirms Neetu”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top