တာဝါတိုင်နဲ့တစ်ထပ်တိုက်ပု ကွာသလိုကွာတဲ့အတွဲ

h1.gif

Shaquille O’Neal လို့အမည်ရတဲ့ပုဂ္ဂိုလ်ဟာ အမေရိကန်မှာ အင်မတန်အောင်မြင်ခဲ့တဲ့ ဘတ်စကတ်ဘောအားကစားသမားတစ်ဦး ဖြစ်ပါတယ်။

အရပ်အမောင်းအားဖြင့် ၇ ပေ ၁ လက်မ ရှိပြီး ပေါင်ချိန် (၃၂၀) ကျော်မှာရှိပါတယ်။ ၂၀၁၀ ခုနှစ်ကနေ သူစတွဲခဲ့တဲ့သူ့ချစ်သူကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်း သေးငယ်ပါတယ်။ Nicole Alexander လို့အမည်ရတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

O’Neal ဟာ အသက် (၄၀) ကျော်ပြီဖြစ်ပြီး Nicolce ကတော့ (၃၀) ကျော်မှာရှိပါတယ်။ အသက်အားဖြင့် (၁၀) နှစ်ကျော်လောက်ကွာပါတယ်။ O’Neal ဟာ ပထမဇနီးနဲ့ ကွာရှင်းပြီးနောက် Nicole နဲ့ တရားဝင်တွဲခြင်းကို ၂၀၁၀ ခုနှစ်ကနေစတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု ဓာတ်ပုံဟာဆိုရင် သက္ကရာဇ် ၂၀၁၁ ခုနှစ်တုန်းက ကယ်လီဖိုးနီယားပြည်နယ်မှာ ရှော့ပင်ထွက်နေတုန်း သတင်းသမားများရိုက်ကူးဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့အင်မတန်ကွာလှတဲ့ဘော်ဒီအရွယ်အစားကြောင့် အင်တာနက်မှာလူပြောအများဆုံးဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့ဖူးပါတယ်။

O’Neal ဟာဆိုရင် လက်ရှိမှာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် လုပ်ကိုင်နေပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top