နှင်းတောထဲက ကားထဲမှာ ပိတ်မိနေတဲ့ အသက် ၈၁ နှစ်အရွယ် အဘိုးအိုဟာ ပေါင်မုန့်နဲ့ရေကို စားသောက်ပြီး တစ်ပတ်ကြာ နေထိုင်ကာ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ အဘိုးအို ဂျိုရက်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘစ်ပိုင်းမြို့မှာရှိတဲ့ သူ့ရဲ့တောင်ပေါ်အိမ်ကနေ နီဗားဒါးပြည်နယ်၊ ဂါ့ဒ်နာဗီးလ်မြို့က မိသားစုနေအိမ်ကို ပြန်လာခဲ့ပါတယ်။ နှင်းမုန်တိုင်းရှိမှန်း သိပေမဲ့ ဒီလောက် ဆိုးရွားမယ် မထင်ခဲ့တာကြောင့် ၃ နာရီခရီးစဉ်ကို တစ်ကိုယ်တော် ကားမောင်းလာခဲ့တာပါ။
သူဟာ လမ်းကျဉ်းထဲကို မောင်းဝင်သွားခဲ့မိပြီး ဆီးနှင်းကြားမှာ ပိတ်မိနေခဲ့တာပါ။ လမ်းခရီးမှာ စားဖို့ ခွစွန်းပေါင်မုန့် တစ်ထုတ် ဝယ်လာခဲ့လို့သာ ပေါင်မုန့်စား၊ ရေသောက်ပြီး ရှင်သန်နိုင်ခဲ့တာပါ။ သူ့ကားထဲမှာ အိပ်ရာခင်းနဲ့ သဘက်ပါလာလို့ အနွေးဓာတ်ရခဲ့ပြီး ကားဘက်ထရီနဲ့ ဂတ်စ်ကတော့ ၃ ရက်အကြာမှာ ကုန်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်မှာ အင်ယိုကောင်တီ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က လူပျောက်တိုင်ကြားမှု ရရှိခဲ့ပေမဲ့ မုန်တိုင်းကြောင့် ရှာဖွေရေးလုပ်ငန်းစတင်ဖို့ နှောင့်နှေးခဲ့ပါတယ်။ မတ်လ ၂ ရက်မှာတော့ ကယ်လီဖိုးနီးယားအမြန်လမ်းကင်းလှည့်တပ်ဖွဲ့က ဆဲလ်ဖုန်းတည်နေရာကို ခြေရာခံမိခဲ့လို့ ရှာဖွေရေးလုပ်ခဲ့ရာမှာ ရဟတ်ယာဉ်ပိုင်းလော့က အဘိုးအိုဂျိုရက်ရဲ့ကားကို တွေ့ရှိခဲ့တာပါ။
ဂျိုရက်ကို ဆေးရုံတင်ပို့ခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေ စိတ်ချရတဲ့အတွက် အဲဒီနေ့ ညနေပိုင်းမှာပဲ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။
Ref: 81-Year-Old Stuck In Snow Survives Nearly A Week On Croissants
NZ (ရိုးရာလေး)