နံနက် ၁ နာရီအထိ ဂိမ်းဆော့တဲ့သားကို ၁၇ နာရီဆက်တိုက် ဂိမ်းဆော့ခိုင်းပြီး ဖခင်က အပြစ်ပေး

12.3.2023-yyl-iamge-1.jpg

နံနက် ၁ နာရီအထိ ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့ သားဖြစ်သူကို အပြစ်ပေးတဲ့အနေနဲ့ ၁၇ နာရီဆက်တိုက် ဂိမ်းဆော့ခိုင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ ရှန်ဇန်မြို့က ကျောင်းသားလေးဟာ နောက်နေ့မှာ ကျောင်းသွားရမှာဖြစ်ပေမဲ့ သူ့အဖေဖုန်းကိုယူပြီး နံနက် ၁ နာရီအထိ ဂိမ်းဆော့နေခဲ့တာပါ။

ဒီဖြစ်ရပ်ကို မြင်သွားတဲ့ သူ့အဖေက ဒေါသထွက်ပြီး တစ်သက်တာ အမှတ်ရစေမယ့်နည်းနဲ့ အပြစ်ပေးခဲ့တာပါ။ သူ့အဖေက သူ့ကို မဆူတဲ့အပြင် ကျောင်းတစ်ရက် ခွင့်ယူခိုင်းပြီး ဂိမ်းဆော့ခိုင်းလို့ အစောပိုင်းမှာ ကျောင်းသားလေးက ပျော်နေခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ဖုန်းကိုင်လျက်သား အိပ်ငိုက်လာခဲ့ပေမဲ့ သူ့အဖေက အိပ်ခွင့်မပေးဘဲ ဂိမ်းဆက်ဆော့ခိုင်းခဲ့တာပါ။

နောက်နေ့ညနေ ၆ နာရီခွဲအချိန်မှာတော့ ကျောင်းသားလေးက အိပ်ခွင့်ပေးဖို့ သူ့အဖေကို တောင်းပန်ခဲ့ပါတယ်။ နောက်တစ်ခါ မိဘတွေ ကွယ်ရာမှာ ဖုန်းနဲ့ ဂိမ်းမဆော့တော့ဘူးလို့ ကတိပေးခဲ့ပြီး သူ့ကတိကို စာရွက်ပေါ်မှာ ချရေးခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းနဲ့ ဆုံးမခဲ့တဲ့ ဖခင်ကို ချီးကျူးသူတွေ ရှိသလို ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတစ်ယောက်ကို အိပ်ခွင့်မပေးဘဲ အချိန်အကြာကြီး ဂိမ်းဆော့စေခဲ့တဲ့လုပ်ရပ်က ပြင်းထန်လွန်းတယ်ဆိုပြီး ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

Ref: Man Finds Son Playing Video Games at 1 AM, Makes Him Play Continuously for 17 Hours

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top