ကတိမတည်တဲ့သူတွေ ကြုံတွေ့လာမယ့်အချက်များ

Networking_cover_photo.jpg

ကတိဆိုတာ တည်သင့်တဲ့အရာပဲဖြစ်သလို လူတစ်ယောက်ရဲ့ ဘဝမှာ အရေးပါတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကတိတည်တဲ့သူကို လူတိုင်းက ယုံကြည်မှုရှိပြီး အပေါင်းအသင်းလုပ်ချင်ကြပေမယ့် ကတိမတည်သူတွေကြတော့ ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတဲ့အချက်တွေကို ဒီအကြောင်းအရာလေးကနေ တင်ပြပေးလိုက်ရပါတယ်။

(၁) ယုံကြည်မှု ကင်းမဲ့ခြင်းကို ခံရမယ်
မိမိပတ်ဝန်းကျင်မှာ ကတိမတည်တဲ့သူတွေကို ကြုံဖူးမှာပါ။ ပေးမယ်ပြောပြီး မပေးတာ၊ လုပ်မယ်ပြောပြီး မလုပ်တာ၊ လာမယ် ပြောပြီး မလာတာ စတာတွေအားလုံး ကတိတစ်ခုကို လွယ်လွယ်ပေးပြီး အလေးမထားတဲ့သူတွေ ဖြစ်ပါတယ်။ ထိုသူတွေကို လူတွေက တဖြည်းဖြည်း ယုံကြည်မှုကင်းမဲ့လာပါလိမ့်မယ်။

(၂) လူတွေရဲ့ ရှောင်ရှားမှုကိုခံရလိမ့်မယ်
ကတိပေးပြီးမလုပ်တာကို လူတွေက တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ချင်ခွင့်လွှတ်ပါလိမ့်မယ်၊ သို့သော် အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ရင်တော့ ဘယ်သူမှ မိမိကိုခွင့်လွှတ်ချင်မှာ မဟုတ်တော့ပါဘူး။ လူတွေက အပေါင်းအသင်းမလုပ်ဘဲ ရှောင်ရှားခြင်းကို ခံရပါလိမ့်မယ်။

(၃) မိမိအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းသွားပါပြီ
မိမိကို လူတွေက ရှောင်ရှားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်က အလုပ်အကိုင်အခွင့်အလမ်းတွေဟာ မိမိဆီကို ရောက်လာမှာ မဟုတ်တော့ဘူး။ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း မိမိနဲ့ အလုပ် အတူတူတွဲလုပ်ချင်မှာလည်း မဟုတ်တော့ပါဘူး။ ဒါကြောင့် မိမိအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းသွားပါပြီ။

(၄) မိမိကိုယ်ကို အလိုမကျမူတွေနဲ့ ကြုံတွေ့ရလိမ့်မယ်
လူတွေက မိမိကို ရှောင်ရှားကြတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း နည်းသွားပြီ၊ ယုံကြည်မူတွေကလည်း ကင်းမဲ့လာတော့ မိမိကိုယ်ကို အလိုမကျမူတွေနဲ့ ကြုံတွေ့လာရပြီပေါ့။ ဒါကြောင့် ကတိဆိုတာ မပေးချင်မပေးပါနဲ့။ ပေးပြီးသည့်နောက် တည်ပါစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top