အချို့ သောကမ္ဘာ့ထိပ်တန်း လျှို့ဝှက်ချက်များ

yyl-009-6.jpg

စိတ်ဝင်စားဖွယ် ကမ္ဘာ့ထိပ်တန်း လျှို့ဝှက်ချက်များ အချို့ကို ဖျော်ဖြေမှုသက်သက်ဖြင့်သာ ရေးသားတင်ဆက်ပေးလိုက်ပါသည်။

U.S. ၏ နျူးကလီးယား လျှို့ဝှက်ချက်များ

ကမ္ဘာပေါ်တွင် ထိပ်တန်းအကျဆုံးသော လျှို့ဝှက်ချက် တစ်ခုဟုပင် ဆိုနိုင်သည်။ USA မှ နျူကလီးယား ပြုလုပ်သည့် အဆာက်အအုံများ၊ ဓာတ်ခွဲခန်း၊ ဓာတ်ပေါင်းဖိုများ တည်ရှိရာနေရာများကို သိရှိသူများ အနည်းငယ်သာသိရှိသည်။ နျူကလီးယား တင်လွှတ်သည့် လျှို့ဝှက်နံပါတ်သည် US အစိုးရ၏ အလျှို့ဝှက်ဆုံးသော အချက်အလက်ဖြစ်ပြီး ထိပ်တန်းခေါင်းဆောင်အချို့သာ သိရှိခွင့် ရှိသည်။ USA တွင် ရှိသော နျူကလီးယား လက်နက် အရည်အတွက် နှင့် နျူကလီးယား လက်နက် အမျိုးအစားကို အတိအကျ ဖော်ပြခြင်း မရှိဘဲ သိုဝှက်ထားသည်။ ကြီးမားသော စွမ်းအားသည် ကြီးမားသော တာဝန် နှင့် အမြဲယှဉ်တွဲနေသည်။ ထို နျူကလီးယား နှင့်ပတ်သတ်သည့် သတင်း အချက်အလက်ကို သိရှိသူသည် သူ၏ဘဝကို ကြီးမားသော အန္တရာယ်သို့ ဆွဲသွင်းလိုက်ခြင်း ဟုပင်ဆိုနိုင်သည်။ ထို့ကြောင့်ပင် အစိုးရက ကောင်းစွာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

U.S. မှ ရေနံထုတ်ယူသည့်နေရာများ

U.S. တွင် ရေနံထုတ်ယူသည့်နေရာများကို အစိုးရ၏ ထိပ်တန်းလျို့ဝှက်ချက် အဖြစ်ထိန်းသိမ်းထားသည်။ ကောလဟာလ များအရတော့ အစိုးရသည် ရေနံတွင်းရှိသည်ဟု သတင်းပို့သည့်နေရာ၊ ရေနံတွင်း တွေ့ရှိရာ နေရာများမှ အနီးတဝိုက်ဒေသများကို ဝယ်ယူကာ ထိုဒေသတွင် ရေနံထွက်သည်ဟူသည့် အချက်ကို လျို့ဝှက်ထားရန် ကျမ်းကျိန်ခိုင်းသည်။ အကြောင်းမှာ လူချမ်းသာများ ရေနံတွင်းများကို ဝယ်ယူကာ အမြတ်ထုတ်ခြင်းကို ကာကွယ်ရန်ဟု ဆိုသည်။

U.S. မှ ဆေးပညာနှင့်ဆိုင်သည့် လျှို့ဝှက်ချက်များ

U.S. တွင် သတ်မှတ်ထားသော ဥပဒေအရ ဆေးရုံမှ ဝန်ထမ်းများသည် လူနာများ၏ ကျန်းမာရေးမှတ်တမ်းများကို လျို့ဝှက်ချက် အဖြစ် ထိန်းသိမ်းရသည်။ လူ့အခွင်းအရေးနှင့် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။ အချို့သော ဆရာဝန်များသည် သူတို့၏ အလုပ် နှင့် ဘဝကိုပင် ရင်း၍ လူနာများ၏ ကျန်းမာရေးမှတ်တမ်းများကို ကာကွယ်ကြသည်။ အစိုးရအဖွဲ့ဝင်များကလည်း ထိုဥပဒေကို လူနာများ ပတ်ဝန်းကျင်တွင် မျက်နှာပျက် အရှက်ကွဲမဖြစ်စေရန် ကာကွယ်သည့် အနေဖြင့် ထုတ်ပြန် ပြဌာန်းထားခြင်း ဖြစ်သည်။ ဆေးပညာနယ်ပယ် မှ ဝန်ထမ်း၊ အရာရှိ၊ ဆရာဝန်များ လူနာများ၏ ကျန်းမာရေးမှတ်တမ်းများကို လျို့ဝှက်ချက် အဖြစ် ထိန်းသိမ်းရန် ကျိန်ဆိုရသည့် ကျမ်းစာကို Hippocratic Oath ဟုခေါ်သည်။

Habsburg Napkin ခေါက်နည်း

ဒီတစ်ချက်သည် Austria နိုင်ငံမှ အစိုးရသည် Habsburg Napkin ခေါက်နည်းကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဟုတ်ပါတယ် လက်သုတ်ပုဝါခေါက်နည်းကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ Habsburg လက်သုတ်ပုဝါခေါက်နည်းသည် Habsburg တော်ဝင်မိသားစုရဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် မည်သည့် စာပေ၊ စာအုပ်များ၌ ရေးသား ဖော်ပြ မှတ်တမ်းတင်ထားခြင်း မရှိပေ။ လူအများစု စိတ်ဝင်စား၍ ကြိုးစားခေါက်ကြည့်ကြသော်လည်း မအောင်မြင်ကြပေ။ Habsburg Napkin ခေါက်နည်းကို လုပ်ရိုးလုပ်စဉ်များအရ နီးစပ်ရာ အစိုးရမိသားစုများသာ တတ်မြောက်ပြီး လက်ဆင့်ကမ်း လာကြသည် ဟုဆိုသည်။ အဲ့ဒီသူများသည်လဲ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းပါမည်ဟု ကျမ်းကျိန်ရသည်။

KFC ကြက်ကြော်ပြုလုပ်နည်း

KFC ကြက်ကြော် ပြုလုပ်နည်းသည် ကမ္ဘာ့ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ရှိနေသည်။ ကြက်ကြော် ပြုလုပ်နည်းကို KFC ပိုင်ရှင် Herland Sanders က ၁၉၃၀ ခုနှစ်တွင် Kentucky ပြည်နယ်တွင် ပြုလုပ်ခဲ့သည်။ သူသည် North Cabin တွင် ကြက်သားပြုလုပ်၍ ကြော်ရောင်းကာ အနီးနားနယ်တစ်ဝိုက်တွင် အရသာကောင်းလွန်းသောကြောင့် လူအပြောများ နာမည်ကြီးလာခဲ့သည်။ အဲ့ဒီက စ၍ သူသည် ကြက်ကြော်ဆိုင် အဖြစ်စတင်ရောင်းချခဲ့ကာ Kentucky မှ Fried Chicken (KFC) ဟူ၍ စတင်လာခဲ့သည်။ ယနေ့အခါတွင် KFC သည် ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင် များစာရင်းဝင်ဖြစ်သည်။ သို့လင့်စကား သူ၏ ကြက်ကြော် ပြုလုပ်နည်းကို မည်သူမှ မတုပနိုင်သကဲ့သို့ လျှို့ဝှက်ချက်အဖြစ်သာ ရှိနေသည်။ ပြုလုပ်နည်းကို ကုမ္ပဏီရုံးချုပ်တွင် လျှို့ဝှက်စွာ ထိန်းသိမ်း ထားသည်။

ဧရိယာ ၅၁

ဧရိယာ ၅၁ ဆိုသည် နှင့် လျှို့ဝှက်ချက်များ နှင့် ဆန်းကြယ်မှုများ ပြောမကုန်ပေ။ ထို လျှို့ဝှက်ဆန်းကြယ်သော ဧရိယာ ၅၁ သည် Nevada သဲကန္တာရ အလယ်ပိုင်းတွင် တည်ရှိပြီး US အစိုးရအဖွဲ့မှ နှစ်ပေါင်း ၆၀အကြာ လျှို့ဝှက်ထားခဲ့သော နေရာတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် CIA မှ ဧရိယာ ၅၁ သည် တကယ်ရှိသည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ထိုနေရာတွင် US ၏ လေတပ် စစ်တပ်သုံး ထိပ်တန်းလေယာဉ်များ စမ်းသပ် တည်ဆောက်သော ရည်ရွယ်ချက်ဖြင့် ၁၉၅၅ ခုနှစ် ကတည်းကပင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်ဟု ဆိုသည်။

ဟစ်တလာ

သမိုင်းရာဇဝင်များအရ ဟစ်တလာသည် ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ရက်နေ့တွင် သူ့ကိုယ်သူ အဆုံးစီရင် သွားသည်ဟု ဖော်ပြထားသည်။ တကယ်ပဲလား (သို့မဟုတ်) ဆိုဗီရပ်တွေ ကမ္ဘာကို လိမ်ညာခဲ့တာလား ဟူသည့် မေးခွန်းများလည်း ရှိနေခဲ့သည်။ FBI ၏ လျှို့ဝှက် အဆင့်အတန်းလျှော့ချ သတ်မှတ်သည့် စာရွက်စာတန်းများတွင် အစိုးရထံသို့ World War II အပြီးတွင် ဟစ်တလာ အသက်ရှင်နေသေးသည် ဟု သတင်းရရှိသည့် အထောက်အထားများ ရေးသားဖော်ပြထားသည်။ ဟစ်တလာ သည် Andes တောင်တန်းများကြားတွင် စစ်ကြီးပြီးနောက် အချိန်ကြာမြင့်စွာ ကျန်းမာစွာနေထိုင်ခဲ့သည်ဟု ရေးသားထားသည်။ ထို FBI မှ ထုတ်ပြန်သည့် စာရွက်စာတန်းများအရ ဟစ်တလာ အဆုံးစီရင် သွားသည်ဟူသည့်မှာ သတင်းအတုဟု ယုံကြည်ဖွယ်ရာ ရှိသည်။

ကိုကာကိုလာ ပြုလုပ်နည်း

ကိုကာကိုလာ ပြုလုပ်နည်းဟာ ကမ္ဘာပေါ်တွင် တင်းတင်းကျပ်ကျပ်စောင့်ကျပ်မှုခံထားရ ဆုံးသော လျှို့ဝှက်ချက် တစ်ခုပဲ ဖြစ်သည်။ ကိုကာကိုလာ ကုမ္ပဏီသည် အင်ဒီးယားတွင် လုပ်ငန်းအခြေချစဉ် အစိုးရအဖွဲ့သို့ ကိုကာကိုလာ ပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများကို တင်သွင်းရန် တိုက်တွန်းသောကြောင့်ပင် အင်ဒီးယား လုပ်ငန်းစဉ်ကို ဖြတ်သိမ်းခဲ့သည်။ ထို့အပြင် အနည်းငယ်သော ဝန်ထမ်းများသာ ပါဝင်သောပစ္စည်းများကို သိကြသည်။ တစ်ချိန်တည်းတွင် ဝန်ထမ်းနှစ်ယောက်သာ သိခွင့်ရှိသည်ဟု ဆိုသည်။ ထိုဝန်ထမ်းများသည်လည်း လျို့ဝှက်ချက်ကို ထိန်းသိမ်းပါမည်ဟု ကျန်းကျိမ်ကြရသည်။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top