ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ သောင်ပြိုကမ်းပြို အနိုင်ရ

yyl-047-2.jpg

ဗြိတိန်နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ အမတ်နေရာ ၆၅၀ ရှိတဲ့ ဗြိတိန်လွှတ်တော်မှာ အမတ်နေရာ ၃၂၆ နေရာရရှိရင် တစ်ပါတီတည် းအစိုးရဖွဲ့နိုင်မှ ာဖြစ်ပါတယ်။ အမတ်နေရာ ၆၅၀ အနက် ၆၃၇ နေရာကို ကြေညာပြီးချိန်မှာ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၅၆ ရရှိခဲ့ပါတယ်။ ဒါဟာ ၁၉၈၇ ခုနှစ်က ဝန်ကြီးချုပ် မာဂရက်သက်ချာနောက်ပိုင်း ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးမားဆုံးအောင်ပွဲ ဖြစ်လာပါတယ်။

ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး(Brexit) ပြီးမြောက်အောင် ဆောင်ရွက်ဖို့ အခွင့်အာဏာပေးအပ်မှုဖြစ်ပြီး လာမယ့်လမှာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဂျရမီကိုဘန်း ဦးဆောင်တဲ့ လေဘာပါတီကတော့ အမတ်နေရာ ၂၀၁ နေရာပဲ ရရှိခဲ့ပြီး ၁၉၃၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရှုံးနိမ့်မှု ကြုံခဲ့ပါတယ်။ ဂျရမီကိုဘန်းကတော့ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်မယ်လို့ ကြေညာထားပါတယ်။

ကွန်ဆာဗေးတစ်ပါတီ သောင်ပြိုကမ်းပြို အနိုင်ရချိန်မှာ စတာလင်ပေါင်တန်ဖိုးကလည်း ဆယ်စုနှစ် နှစ်ခုအတွင်း တစ်ရက်တာ အမြင့်ဆုံး ထိုးတက်မယ့် အခြေအနေ ရှိနေပါတယ်။ စတာလင်ပေါင် တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၁.၃၅၁၆ အထိ မြင့်တက်လာခဲ့တာဟာ ပြီးခဲ့တဲ့ ၁၉ လအတွင်း အများဆုံး ထိုးတက်မှုဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top