အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်

foodlarge.jpg

ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သူကြိုးစားသလောက်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အများဆုံး အဆုံးစွန် ပမာဏအထိ ရရှိမှာ မဟုတ်ပါဘူး။

ဒါဟာသင်နေ့စဉ်လုပ်နေတဲ့ အလုပ်တွေက အစာချေဖျက်ခြင်းကို အကျိုးသက်ရောက်မှုရှိနေလို့ ဖြစ်နိုင်ပါတယ်။ အမှား တစ်ခုကတော့ သင်စားပြီးပြီးချင်း လဲလျောင်းတာပါပဲ။

အစာစားပြီးလဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါသလား။
ဟုတ်ပါတယ်။ သင်စားလိုက်တဲ့အစာတွေကို သင်မတ်မတ်ထိုင်နေမှသာ ကောင်းစွာခြေဖျက်နိုင်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေတဲ့အတွက် အစားစားပြီး အနည်းဆုံးနှစ်နာရီကြာမှ လဲလျောင်းသင့်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းအကျင့်ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း

သင့်ရဲ့ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာပြွန်မှာ ထိုင်နေမှသာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းမှာ ရှိတဲ့ အစာတွေကို အပေါ်ကိုပြန်တက်စေတဲ့ အဆို့ရှင် တစ်ခု ပါဝင်ပါတယ်။ အစာအပြည့်စားပြီး လဲလျောင်းနေခဲ့မယ်ဆိုရင် ၎င်းအဆို့ရှင်ဟာ အစာတွေကို အောက်ပိုင်းမှာ ထားပေးဖို့ အခက်အခဲတွေ့ပါလိမ့်မယ်။ ဒါဟာ သင့်အစာအိမ်ထဲက ပါဝင် ပစ္စည်းတွေကို ပိုမိုစေပြီး အက်ဆစ် နောက်ပြန်စီးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရင်ပူခြင်း

သင့်အစာအိမ်မှာ အက်ဆစ်များရင် ရင်ပူခြင်း ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်တွေဟာ သင့်အစာအိမ်မှတစ်ဆင့် လည်ချောင်းထဲကို တက်သွားပြီး ပူလောင်ခြင်းကို ရင်ဘတ် (သို့) လည်ချောင်းထဲမှာ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အများအားဖြင့် လေတက်ခြင်းနဲ့ တွဲတတ်ပါတယ်။

ကိုယ်အလေးချိန်တိုးခြင်း

ညအခါ အစာစားနောက်ကျပြီး တန်းအိပ်ရာဝင်ခြင်းကြောင့် အခြား ပြဿနာ တစ်ခုဖြစ်ပွားနိုင်ပါသေးတယ်။ ညဘက်မှာ အစာစား နောက်ကျခြင်းဟာ ပင်ပန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်မှုယိုယွင်းခြင်းနဲ့ အားလျော့တဲ့စိတ်စွမ်းအင်ရှိခြင်း အပါအဝင် အခြား အန္တရာယ်တွေ အများကြီး ဖြစ်ပေါ်နိုင်စေပါတယ်။ သင်ညမိုးချုပ်မှာ ဗိုက်ဆာတဲ့အခါ အသီးအရွက်စားခြင်းဟာ ရေခဲမုန့်စားခြင်း (သို့) ကျန်နေတဲ့ ပီဇာတွေကို အကုန်စားလိုက်ခြင်းလိုမျိုးတော့ နှစ်သက်စရာ ကောင်းမှာ မဟုတ်ပါဘူး။ သင်မအိပ်ခင် ကျန်းမာရေးနဲ့ မညီတဲ့ ဆုံးဖြတ်ချက်တွေချခြင်းအားဖြင့် သင့်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစရာ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။

လေဖြတ်ခြင်း

အစာစားပြီး တန်းအိပ်ခြင်းဟာ သင့်ကို လေဖြတ်ဖို့ အခွင့်အလမ်း ပိုများလာစေပါလိမ့်မယ်။ University of Ioannina, Greece မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်တွေအရ အစာစားပြီး တန်းအိပ်တဲ့ အကျင့်ဟာ လေဖြတ်မှုနှုန်းကို ပိုမို မြင့်တက်စေပါတယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့ လူအယောက်ငါးရာ ပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အစာစားခြင်းနဲ့ အိပ်ခြင်းကြား အချိန်အကြာမြင့်ဆုံး ရှိသူတွေဟာ လေဖြတ်ဖို့အခွင့်အရေး အနည်းဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။
ဖြစ်နိုင်တဲ့ သီအိုရီတွေ အများအပြား ရှိကြပေမယ့် သူတို့မှာ အက်ဆစ်အပေါ် ပြန်တက်ခြင်းဟာ လေဖြတ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ နောက် သီအိုရီ တစ်ခုကတော့ အစာခြေခြင်းနဲ့သူ့ရဲ့ သွေးဖိအား၊ သွေးတွင်း သကြား ပမာဏနဲ့ ကိုလက်စတရော ဓါတ်တွေအပေါ် အကျိုးသက်ရောက်မှုဟာ လေဖြတ်မှုပိုမို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်ကို အတည်ပြုဖို့ အခြားလေ့လာမှုတွေ အများအပြား လိုအပ်ပါသေးတယ်။

အစာစားပြီးချိန် တခြားဘာတွေ ရှောင်ကြဉ်ရမလဲ။

အစာစားပြီး လဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ ဒါပေမယ့် စားသောက်ပြီး တခြားရှောင်ကြဉ်ရန် အချက်တွေလဲ ရှိပါသေးတယ်။

အိပ်စက်ခြင်း

သင်အိပ်ပျော်ရင် သင့် ခန္ဓာကိုယ်ဟာ နှေးကွေးသွားပါတယ်။ ဒါ့ကြောင့် အစာအိမ်ထဲက အစာတွေကို ခြေဖျက်ဖို့ အချိန်ပိုလိုပြီး အစာအိမ်စနစ်ကို ဒုက္ခပေးပါလိမ့်မယ်။ ခုနက ပြောခဲ့သလိုမျိုး ဘေးတစ်စောင်း (သို့) မှောက်အိပ်ခြင်းဟာ သင့်အစာအိမ် အတွင်းမှာ ရှိတဲ့ အက်စစ်ကို အစာပြွန်ထဲကို ပြန်တတ်စေပါတယ်။ ဒါ့အပြင် အစာအများကြီးစားပြီး အိပ်မယ်ဆိုရင် လေပွပြီး နိုးလာပါလိမ့်မယ်။ အိပ်ရာမဝင်ခင် သင့်ခန္ဓာကိုယ်ကို အစာခြေဖျက်ဖို့ အခ်ျိန်အလုံအလောက်ပေးဖို့ လိုအပ်ပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်း

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဟာ ကောင်းမွန်စွာ အစာခြေဖျက်ဖို့ လိုအပ်တဲ့ အစာအိမ်ရဲ့ အရင်းအမြစ်တွေကို အသုံးပြုတာကြောင့် ခန္ဓာကိုယ်က အစာခြေဖျက်ဖို့ကို ခက်ခဲစေပါတယ်။ ဒါ့ကြောင့် အစာစားပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်တက်ခြင်း၊ ပျို့ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါအထိ ခံစားရနိုင်ပါတယ်။

အသီးစားခြင်း

ဟုတ်ပါတယ်။ အသီးစားခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် အစာစားပြီးချင်းတော့ မဟုတ်ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အသီးဟာ အခြားအစာတွေထက်စာရင် အစာကြေလွယ်ပါတယ်။ ဒါ့ကြောင့် သင်စားလိုက်တဲ့ အစာတွေရဲ့ အပေါ်မှာ ထိုင်နေနိုင်ပြီး အချဉ်တောင် ဖေါက်နိုင်ပါသေးတယ်။ ဒါဟာ ဂက်စ်ကို ဖြစ်စေပြီး သင့်ခန္ဓာကိုယ်အလေးချိန်ကိုတောင် တက်စေနိုင်ပါတယ်။ သင့်နောက်ဆုံးစားထားတဲ့အစာနောက် အနည်းဆုံး ၃နာရီမှ ၄နာရီကြာမှ အသီးစားခြင်းဟာ ဗိုက်ပွခြင်း၊ လေတက်ခြင်းနဲ့ အခြား မသက်မသာဖြစ်ခြင်းတွေအတွက် စိုးရိမ်ရန်မလိုပဲ အသီးရဲ့ ကောင်းကျိုးတွေကို အများဆုံးပမာဏအထိ ပေးစွမ်းမှာ ဖြစ်ပါတယ်။

ရေအလွန်အကျွံသောက်သုံးခြင်း

သင့်အစာတွေနဲ့အတူ ရေအနည်းငယ်သောက်သုံးခြင်းက ဘာပြဿနာမှ သတိထားမိစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစာစားနေတုံးမှာ ရေဖန်ခွက်တစ်ခွက်လုံး အလျင်စလို မြိုချခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါဟာ သင့်ရဲ့ အစာခြေဖျော်ရည်တွေကို ရေရောလိုက်သလိုဖြစ်ပြီး သင့်အစာအိမ်ကို အစာခြေဖို့ အခက်အခဲဖြစ်စေပါတယ်။ အလားတူစွာ အစာစားပြီး ရေအေးသောက်သုံးခြင်းဟာလည်း သင့်အစာအိမ်ကို နှေးကွေးစေပါတယ်။ ဒီ့အစား သင်အစာစားပြီး အရည်တစ်ခုခုသောက်ချင်တယ်ဆိုရင် ဆေးဖက်ဝင်အပင်တွေနဲ့ လုပ်ထားတဲ့ လက်ဖက်ရည် အပူကိုသောက်သုံးပါ။ ဒါတောင်မှ အစာစားပြီး အရည်အများကြီးသောက်သုံးခြင်းကို ရှောင်ကျဉ်ဖို့ လိုပါသေးတယ်။

ရေချိုးခြင်း

အစာစားပြီးရေချိုးခြင်းအကျင့်ကို သူပျိုးထောင်ပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါဟာ နောက်ဆုံးမှာ အစာခြေစနစ်ကို ပြဿနာတွေဖြစ်စေတဲ့အတွက် ပြောင်းလဲပါ။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓာကိုယ်အပူချိန်ဟာ သင်ရေချိုးတဲ့အခါ မြင့်တက်လာပါတယ်။ ဒါဟာ သင့်သွေးတွေကို အရေပြားပေါ်၊ ခြေထောက်နဲ့ လက်တွေဆီကို ပို့ဆောင်ပေးပါလိမ့်မယ်။ ဒါသာ အစာခြေဖို့ သွေးမရှိတော့ဘူးလို့ ဆိုလိုပါတယ်။ သင့်အစာခြေစနစ်ဟာ သိသိသာသာနှေးကွေးပြီး ဂက်စ်၊ လေပွခြင်းနဲ့ အခြားပြဿနာအများအပြားကို ဖြစ်စေနိုင်ပါတယ်။

အစာစားပြီး ခါးပတ်ကို လျှော့ချခြင်း

သင်အစာစားပြီးရင် ခါးပတ်လျှော့ဖို့ လိုတယ်ဆိုရင် ဒါဟာ သင်အရင်နေနေတဲ့ အနေအထားမှာ သက်သာစွာနေနိုင်ဖို့ သင်အစားပိုစားလိုက်မိပြီလို့ ဆိုလိုပါတယ်။ ခါးပတ်လျှော့လိုက်ပြီဆိုရင် အစားစားရတာ ပြန်သက်သက်သာသာဖြစ်လာပြီး ဒါဟာ အဝလွန်ရောဂါကို ဦးတည်နေပါတယ်။ ဒါ့ကြောင့် သင့်ခါးပတ်ကို အလျှော့အတင်းမပြုလုပ်မီ စားသောက်ခြင်းဟာလည်း ကောင်းမွန်တဲ့ အကြံဥာဏ်တစ်ခုဖြစ်ပါတယ်။

အစာစားပြီး လမ်းလျှောက်ခြင်း

အစာစားပြီး လဲလျောင်းနေသလိုမျိုး အစာစားပြီးပြီးချင်း လမ်းလျှောက်ခြင်းဟာလည်း မကောင်းပါဘူး။ အစာမကြေခြင်းနဲ့ အစာခြေရည် အက်ဆစ်အထက်ပြန်ဆန်တက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အစာစားပြီးပြီးခြင်း မတ်တပ်အခြေအနေမှာ ခဏအနားယူပြီးမှ ကျန်းမာအောင်လမ်းလျှောက်တာကလည်း အရေးကြီးပါတယ်။ အက်ဆစ်နောက်ပြန်စီးဆင်းခြင်းကို အနည်းဆုံး အစာစားပြီး နာရီဝက်ခန့်ကြာမှ ဆယ်မိနစ်ခန့်လမ်းလျှောက်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါဟာ သင့် ဇီဝဓါတုဖြစ်စဉ်ကို တိုးတက်စေပြီး သင့်ကြွက်သားတွေကိုဆွဲဆန့်ကာ ခန္ဓာကိုယ်အတွင်းမှာ အဆီပုံနေခြင်းကို ကာကွယ်ပေးမှာပါ။

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top