သားသမီးလိုချင်နေတဲ့ စုံတွဲတွေအတွက် သေချာပေါက်နီးပါး ကိုယ်ဝန်ရနိုင်စေမယ့် နည်းလမ်း

42366778_1384844921647250_1747167703598104576_n.jpg

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ အိမ်ထောင်သည်တွေအတွက် တစ်ညကို ၂ ကြိမ် လိင်ဆက်ဆံခြင်းဟာ ပိုမိုအကျိုးရှိစေတယ်လို့ သုတေသနတွေက ဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် လွှတ်တဲ့ သုက်ဟာ ပိုမိုအားကောင်းပြီး မြန်ဆန်တာကြောင့် ဒီလို ဆိုရခြင်း ဖြစ်ပါတယ်။ သေချာပေါက် ရစေရမယ်လို့တော့ မဟုတ်ပါဘူး။

သုက်လွှတ်ပြီး ၃ နာရီ ကြာချိန်မှာ အမျိုးသားရဲ့ သုက်ပိုးဟာ အလျင်မြန်ဆုံး သွားလာနိုင်ပြီးတော့ မမျိုးဥနဲ့ ပေါင်းစပ်မျိုးအောင်ဖို့ ပိုမိုလွယ်ကူ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒါဟာ IVF rate (In Vitro Fertilization) (ဖန်ပြွန် သန္ဓေသား လို့ခေါ်မယ်ထင်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ မျိုးဥနဲ့ သုက်ပိုးကို ပေါင်းစပ်ပြီး မျိုးအောင်တော့မှ အမျိုးသမီးသားအိမ်ထဲကို ထည့်ပေးတာမျိုးပါ။ ဒါဟာလည်းပဲ ၁၀၀% ကိုယ်ဝန်ဆောင်စေနိုင်တာမျိုး မဟုတ်ဘူး။ ရာခိုင်နှုန်း အတော်တော့ နည်းပါတယ်) ကိုလည်း သိသိသာသာ မြင့်တက်စေတယ်လို့ ဆိုပါတယ်။

US မှာ အမျိုးသမီး ၁၁% နဲ့ အမျိုးသား ၉ % ဟာ မြုံနေကြပြီးတော့ UK မှာတော့ စုံတွဲ ၇ တွဲမှာ ၁ တွဲဟာ ကိုယ်ဝန်ရဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ဒေါက်တာ ဒါလီ ဦးဆောင်တဲ့ လေ့လာရေး အဖွဲ့ဟာ အမျိုးသား အယောက် ၂၅၀ ဆီက ၂ ရက်သက်တမ်း သုက်ရည်နဲ့ မကြာသေးမီ နာရီအနည်းငယ်အတွင်းက သုက်ရည်ကို ရယူခဲ့ကြပြီး သူတို့ရဲ့ (သုက် ၂ မျိုး) မြန်ဆန်မှု တွေ၊ သုက်ပိုးပါဝင်မှု အနည်းအများနှုန်းတွေကို လေ့လာ ဆန်းစစ်ခဲ့ကြရာမှာ လတ်ဆတ်တဲ့ သုက်ရည်တွေ (နာရီ အနည်းငယ် အကြာက) ဟာ ပိုမိုသာလွန်နေတာ တွေ့ရပါတယ်။

နောက်ထပ် စမ်းသပ်ချက်တစ်ခုမှာတော့ IVF နဲ့ သန္ဓေသားရယူမယ့် စုံတွဲ ၅၀၀ ခန့်ကို အရင် လူတွေပုံစံအတိုင်း သုက်ရည် ၂ မျိုး တောင်းယူပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လတ်ဆတ်တဲ့ သုက်ရည်တွေရဲ့ မျိူးပွားမှု အောင်မြင်နိုင်ခြေဟာ သုက်ရည် အဟောင်းတွေထက် ၃ ဆ ပိုမိုနေတာ တွေ့ရပါတယ်။

လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ ကပ္ပါယ်အိတ်ထဲမှာ ကြာရှည် သိုလှောင်ထားတဲ့ သုက်ရည်တွေဟာ မျိုးပွားနိုင်ခြေ နည်းတယ် ဆိုတာကြောင့် တစ်ညမှာ ၂ ကြိမ် လိင်ဆက်ဆံခြင်းအားဖြင့် ကိုယ်ဝန်ရဖို့ အခွင့်အလမ်းတွေ ပိုမို ရှိနိုင်မှာဖြစ်ပါတယ်။ ဒုတိယ အကြိမ်မှာ ထွက်လာမယ့် ပိုမို လတ်ဆတ်တဲ့ သုက်ရည်တွေက မျိုးအောင်ဖို့ ရာခိုင်နှုန်းကို ပိုမို မြင့်တက်စေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: Dailymail ”Trying to get pregnant? Have sex twice in one night”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top