SHINee အဖွဲ့ဝင် Jonghyun ကွယ်လွန်ခြင်းကြောင့် Exoရဲ့ ဆောင်းရာသီအယ်လ်ဘမ် ဖြန့်ချိရန် ရွှေ့ဆိုင်း

o_1c14mljc5bb91u8o9faer3rgn8_899x600-e1513712007573.jpg

SHINee အဖွဲ့ဝင် Jonghyun ကွယ်လွန်ခြင်းကြောင့် ဆောင်းရာသီမှာဖြန့်ချိမယ့် Exo ရဲ့ အယ်လ်ဘမ်အသစ်ကိုရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

SHINee အဖွဲ့ဝင်Jonghyun ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး EXO အဖွဲ့ဟာ ၎င်းတို့ရဲ့ အစဉ်အလာမပျက် ဆောင်းရာသီအယ်လ်ဘမ်အသစ် ဖြန့်ချိမယ့်ကိစ္စကိုရွှေ့ဆိုင်းလိုက်ခြင်းဖြင့် SM Entertainment က အဖွဲ့ဝင်ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး ဘယ်လိုသဘောထားတယ်ဆိုတာကို သက်သေပြလိုက်ပါတယ်။ EXO ရော SHINee အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ဟာ EXO ရဲ့ Universe အမည်ရှိ 2017 ဆောင်းရာသီတေးသီချင်းအယ်လ်ဘမ် ထွက်ရှိခြင်းကိုဒီဇင်ဘာလ ၂၆ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

မူလက ဒီအယ်လ်ဘမ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားခဲ့ပေမယ့် Jonghyun ကွယ်လွန်သွားခြင်းကြောင့် ယာယီရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။ EXO အယ်လ်ဘမ်အသစ် ထွက်ရှိမှုသာမကဘဲ SM Entertainment က အနုပညာရှင်များစွာလည်း ၎င်းတို့ ချစ်ခင်မြတ်နိုးရတဲ့ SHINee ရဲ့ main vocalist ဖြစ်သူကွယ်လွန်ခြင်းကြောင့် အစီအစဉ်တွေ ကိုနောက်ဆုတ်ထားခဲ့ကြပါတယ်။ Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဟာဒီဇင်ဘာလ ၁၉ရက်နေ့မှာ ပြုလုပ်မယ့် fan များနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကိုလည်းရွှေ့ဆိုင်းခဲ့ပါတယ်။ H.O.T အဖွဲ့ဝင်ဟောင်းဖြစ်သူ Kangta နဲ့ NCT အဖွဲ့ဝင်များဖြစ်တဲ့ Johnny နဲ့ Jaehyun တို့လည်းတစ်ဦးချင်းရေဒီယိုအစီအစဉ်ထုတ်လွှင့်မှုကို ဆိုင်းငံ့ထားခဲ့ကြပါတယ်။ ဒါ့အပြင် SM Entertainment အနုပညာရှင်များမဟုတ်တဲ့ Jung Sewoon နဲ့ Yong Junhyung တို့ကလည်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွေကိုရက်ရွှေ့ထားကြောင်းသိရှိရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ SHINee အဖွဲ့သားများကသူတို့ရဲ့ချစ်ခင်ရတဲ့ အဖွဲ့ဝင်ညီအစ်ကိုဖြစ်သူကိုဆုံးရှုံးရတဲ့အတွက် ကြေကွဲဝမ်းနည်းစွာနဲ့ Twitter မှာဝမ်းနည်းနှုတ်ဆက်စာတစ်စောင် တင်ထားခဲ့ပါတယ်။

စာထဲမှာတော့ “Jonghyun က တေးဂီတကိုချစ်တယ်။ စတိတ်စင်ပေါ်မှာဖျော်ဖြေရတာကို မြတ်နိုးတယ်။ ပရိသတ်တွေကို တေးဂီတနဲ့ ဆက်သွယ်ရတာကိုခုံမင်နှစ်သက်တဲ့ အတော်ဆုံးအနုပညာရှင်ပါပဲ။ ငါတို့ မင်းကိုတစ်သက်လုံးသတိရနေမှာပါ”
 
Jonghyun ရဲ့ ဈာပနအခမ်းအနားကိုမိသားစုတွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် ဒီဇင်ဘာလ ၁၉ရက်နေ့ကတည်းက Seoul Asan ဆေးဝါးကုသရေးစင်တာမှာထားရှိပေးထားခဲ့ပါတယ်။ တောင်ကိုရီးယား ရိုးရာအတိုင်းOnew, Taemin, Minho နဲ့ Key တို့ကဧည့်သည်များနှင့် ဈာပနကိုလာရောက်ကြသူများကိုလက်ခံတွေ့ဆုံနှုတ်ဆက်ပေးကြပါတယ်။
အခမ်းအနားကိုအစောဆုံးလာခဲ့ကြတဲ့ အနုပညာရှင်တွေက SM CEO ဖြစ်သူ Lee Soo Man, BoA နဲ့ Girls’ Generation အဖွဲ့ဝင်များ ဖြစ်ကြပါတယ်။ EXO, BTS နဲ့ NCTအဖွဲ့များလည်းတက်ရောက်ခဲ့ကြပြီးမြောက်မြားစွာသောပရိသတ်များ၎င်းတို့ ချစ်ခင်မြတ်နိုးရတဲ့ idol ကို နှုတ်ဆက်နိုင်ဖို့အတွက် SHINee အဖွဲ့ရဲ့ အေဂျင်စီက အထူး အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကိုလည်းစီစဉ်ခဲ့ပါသေးတယ်။

HtetHtet Tin Zar (ရိုးရာလေး)

Ref :Entertainment : EXO Delays Winter Album In Respect of Jonghyun’s Passing

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top