CB Bank မှ ပေးအပ်သွားမည့် မော်တော်ယာဉ် အထူးချေးငွေဝန်ဆောင်မှု

yyl-029-14.jpg

ခေတ်မှီတိုးတက်လာသော လူနေမှုအဆင့်အတန်း၏ လိုအပ်ချက်တစ်ခုဖြစ်သည့် ပြည်သူများ ကားအသစ်တစ်စီးကို လွယ်ကူစွာပိုင်ဆိုင်နိုင်စေရန် CB Bank မှ အထူးချေးငွေဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန် ကွန်ဗန်းရှင်းစင်တာ (YCC) တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် ပြပွဲအတွင်း CB Bank မှ Official Banking Partner အဖြစ်ပါဝင်ခဲ့ပြီး ပွဲသို့လာရောက်ကြည့်ရှု လေ့လာသူများ၊ ဝယ်ယူသူများအား မော်တော်ယာဉ်ချေးငွေဝန်ဆောင်မှုရယူရန် လိုအပ်သည့် အချက်အလက်များအား ကျွမ်းကျင်ဝန်ထမ်းများမှ ရှင်းလင်းပြောကြားပြီး နွေးထွေးစွာဝန်ဆောင်မှုပေးအပ်ခဲ့သည်။

“အခုဆိုရင် မော်တော်ယာဉ်ချေးငွေရဖို့လိုအပ်ချက်က တဖြည်းဖြည်းတိုးတက်လာတယ်လို့ ကျွန်မတို့ CB Bank ကမြင်တယ်။ မြန်မာမိသားစုတွေရဲ့ ကားပိုင်ဆိုင်ခွင့်ရမယ့် အိမ်မက်တွေကို ကူညီဖြည့်ဆည်း ပေးခွင့် ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကားပြခန်း ပေါင်း ၁၀၀ ကျော်လောက်နဲ့ ကျွန်မတို့ပူးပေါင်းထားတာကြောင့်ပြည်သူတွေ ကျွန်မတို့ CB Bank ကတစ်ဆင့် ချိတ်ဆက်ပြီး စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါပြီ”ဟု CB Bank ၊ Deputy General Manager (Consumer Finance Department) ဖြစ်သူ ဒေါ်သိမ့်သိမ့်မှ ပြောကြားသွားခဲ့သည်။

ကားမဝယ်ယူခင် ချေးငွေနှင့်ပါတ်သက်သည့်အချက်အလက်များကို ကြိုတင်ရှာဖွေထားလျှင် ကား အသစ် ဝယ်ယူသည့် လုပ်ငန်းစဉ်များမှာ ပိုမိုလွယ်ကူချောမွေ့မည်ဖြစ်သည်။ CB Bank ၏ မော်တော်ယာဉ် ချေးငွေများ ပတ်သက်၍ သတင်းအချက်အလက်များ၊ စေ◌ျးနှုန်းသတ်မှတ်ချက်များအကြောင်း ပိုမိုသိရှိ လိုပါက အမှတ် ၄၆၊ Union Financial Center (Tower C)၊ မဟာဗန္ဓုလ လမ်း၊ ရန်ကုန်မြို့သို့ လာရောက် လေ့လာနိုင်ခြင်း (သို့မဟုတ်) www.cbbank.com.mm/en/calculator/car-loan-calculator သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top