မြန်မာပြည်သူတွေလိုအပ်နေတဲ့ အကူအညီတွေ အဟန့်အတားမရှိ ရောက်ရှိဖို့လိုအပ်တယ်လို့ အမေရိကန်ပြော

myanmar1-superJumbo.jpg

ရန်ကုန်၊ သြဂုတ် (၂၆)

မြန်မာနိုင်ငံအတွင်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီကို လူသားချင်းစားနာမှု အကူအညီတွေ အဟန့်အတားမရှိရောက်ရှိဖို့လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်လွယ်ပြည်သူတွေဟာ နဂိုတည်းကမှ ယိုင်နဲ့နဲ့ဖြစ်နေတဲ့ အခြေအနေကို ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း ပိုပြီး ဆိုးရွားစေခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန် ဒုသမ္မတ ကာမလာဟာရစ်က “အကြမ်းဖက်မှုဖိနှိပ်မှုတွေကို ကျွန်မတို့ ကန့်ကွက်ရှုတ်ချပါတယ်။ သူတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် လုပ်ဆောင်နေကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို ထောက်ခံအားပေးဖို့အတွက် ကျွန်မတို့ ကတိကဝတ်ပြုထားပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုမှာ အင်ဒို-ပစိဖိတ် ဒေသတစ်လွှားနိုင်ငံတွေကလည်း ကျွန်မတို့နဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ဒေါ်လာ သန်း (၅၀) ကျော် ကို အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

“လူသားအားလုံးရဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို ကျွန်တော်တို့ လေးစားတန်းဖိုးထားပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာ အမေရိကန်ဟာ အကူအညီလိုအပ်နေသူတွေဆီရောက်အောင်သွား၊ အကူအညီတွေပေးဖို့ကမ်းလှမ်းပြီး အကူအညီပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ ဘယ်လိုလူစားတွေလဲဆိုတာကို ပြသတာဖြစ်ပါတယ်။” လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ လပိုင်းက အခုလိုပြောကြားခဲ့ပါသေးတယ်။

အမေရိကန်အနေနဲ့ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတွေ (သို့မဟုတ်) မြန်မာနိုင်ငံတလွှားမှာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာရသူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ နေရာထိုင်ခင်းနဲ့ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေကို ပေးအပ်နေသလို အခုထက်ပိုပြီး ပိုမိုလုပ်ဆောင်နိုင်အောင်၊ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

Photo- The New York Times
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top