Marvel Superheroဇာတ်ကောင်တွေဖန်တီးသူ Stan Lee က Black Panther ဇာတ်ကားထွက်လာပြီးတဲ့နောက်ပိုင်း လူမြင်ကွင်းမှာ သူမပေါ်လာခဲ့တဲ့အကြောင်း ပရိတ်သတ်တွေကို ဗီဒီယို မက်ဆေ့ခ်ျကနေ ပြောပြလိုက်ပါတယ်။
ဗီဒီယိုထဲမှာမြင်ရသလောက်တော့ Stan Lee ဟာအားနည်းဖျော့တော့နေတဲ့ပုံပေါက်နေပါတယ်။ သူဟာ နှလုံးခုန်မူမမှန်ဖြစ်ပြီး အသက်ရှုခက်ခဲတာကိုခံစားနေရတဲ့အပြင် ဇန်နဝါရီ ၃၁ရက်နေ့ကလော့စ်အိန်ဂျလိစ် က နေအိမ်မှာရှိနေစဉ် အဖျားဝေဒနာထပ်မံခံစားခဲ့ရတာကြောင့် ဆေးရုံပို့ခဲ့ရပါတယ်။
Stan က ” ကျွန်တော် လုပ်နေတာတွေ ပြောတာတွေကို ဂရုစိုက် အားပေးနေတဲ့ သူတွေရှိတာ တကယ်ကောင်းတယ်ဗျ ပရိတ်သတ်တွေအားပေးမှုကိုရတာအခမ်းနားဆုံးကိစ္စတွေထဲကတစ်ခု လို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော် ဘယ်လောက်တောင် ကြည်နူး ဝမ်းသာရသလဲဆိုတာကို ပြောတောင်မပြတတ်ပါဘူးဗျာ” လို့ ပြောပြခဲ့ပါတယ်။
Stanဟာ Marvel ဇာတ်ကားတိုင်းလိုလိုမှာ cameo အဖြစ်ပါဝင်ခဲ့ပြီး အခုထွက်ရှိထားတဲ့ Black Panther ဇာတ်ကားမှာလည်း casinoကစားဝိုင်းဇာတ်ဝင်ခန်းမှာ ပါဝင်ထားခဲ့ပါတယ်။ သူအနေနဲ့ ကျန်းမာရေးအခြေအနေ မကောင်းသေးပေပမယ့်လည်း BlackPantherဇာတ်ကားအထူးပွဲကို တက်ရောက်ကြည့်ရှုခဲ့သေးတယ်လို့ သိရပါတယ်။
ကဲ… Marvel’s Fansတို့ရေ
ဘဘကြီးStanကိုအမြန်နလန်ပြန်ထလာဖို့ဝိုင်းဆုတောင်းပေးလိုက်ကြဦးနော်… ။
TH(ရိုးရာလေး)
Ref: Daily Mail News