5G သို့ အဆင့်မြှင့်တင်ရေး လုပ်ဆောင်ချက်အဖြစ် China Mobile 5G Device ရှေ့ပြေး ခြေလှမ်းမှာ ပူးပေါင်းလိုက်တဲ့ Vivo China Mobile 5G Scylla Device

vivo-5g-china-mobile.jpg

Vivo partners with China Mobile on "China Mobile 5G Device Forerunner Initiative" to drive 5G advancement (PRNewsfoto/Vivo)

5G သို့ အဆင့်မြှင့်တင်ရေး လုပ်ဆောင်ချက်အဖြစ် China Mobile 5G Device ရှေ့ပြေး ခြေလှမ်းမှာ ပူးပေါင်းလိုက်တဲ့ Vivo China Mobile 5G Scylla Device ရှေ့ပြေး အစီအစဉ်မှာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်နေကြောင်း Vivo က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မျိုးဆက်သစ် 5G iOS Flash Drive – For iOS Devices တွေ ထုတ်လုပ်ဖို့အတွက် စက်မှုလုပ်ငန်းရှင်များ ပူးပေါင်း ကြိုးပမ်းမှုမှာ Vivo ကလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ပထမဆုံး အသုတ် 5G devices တွေကို စီးပွားဖြစ် စမ်းသပ်ထုတ်လုပ်ဖို့သာမက၊ 5G devices တွေ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ထောက်ပံ့ပေးဖို့ chipset နဲ့ အစိတ်အပိုင်းတွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

China Mobile 5G Device ရှေ့ပြေး ခြေလှမ်းကို China Mobile က ဦးဆောင်ပြီး တရုတ် မိုလ်ဘိုင်း ထုတ်လုပ်ရေး နယ်ပယ်တွင်းရှိ ဩဇာကြီးမားတဲ့ chipset ထုတ်လုပ်သူတွေ End Solution Providers တွေ အပါအဝင် ကုမ္ပဏီ ၂၀ကျော်က 5G ဖွံ့ဖြိုး တိုးတက်မှုအတွက် ခိုင်မာတဲ့ လုပ်ငန်း ပေါင်းစည်း ဆက်နွယ်မှု ဖြစ်စေဖို့ ပူးပေါင်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

“စမတ်ဖုန်း ထုတ်လုပ်မှုနယ်ပယ်ဟာ အသုံးပြုသူ အတွေ့အကြုံ တိုးမြှင့်ခြင်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး ထုတ်လုပ်သူတွေ အကြားမှာလည်း ဆက်သွယ်မှု စံချိန် စံညွှန်းတွေနဲ့အတူ သိသာစွာ လွှမ်းမိုးလာကြပါတယ်။ Vivo အတွက်တော့ 5G ဟာ အခွင့်အလမ်းဖြစ်သလို နည်းပညာဆိုင်ရာ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ ဈေးကွက်လည်း အခုထက် မြန်ဆန်စွာနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီနေ့ခေတ်အတွက်ကတော့ ရှေ့ဆက်ပြီး တီထွင် ဆန်းသစ်နေမှ ဖြစ်ပါလိမ့်မယ်” ဟု Shi Yujian က ထပ်မံပြောကြားခဲ့ပါတယ်။

5G ကွန်ရက်တွေက ပိုမိုမြင့်မားသော မြန်နှုန်းကို ပေးနိုင်မှာဖြစ်ပြီး latency (ဒေတာ ဆက်သွယ်မှုတွင် အနှောက်အယှက် နည်းခြင်းနှင့် နှောင့်နှေးခြင်း) နိမ့်ကာ bandwidth ပိုလာမှာပါ။ အဓိက features တွေ 5G devices တွေ နဲ့ အတူ မိုလ်ဘိုင်း ဆက်သွယ်ရေးဟာလည်း မတူညီ ကွဲပြားတဲ့ ပုံစံနဲ့ အဆင့်အတန်း မြင့်မားလာမှာ ဖြစ်ပါတယ်။

Vivo အနေနဲ့ 5G စမတ်ဖုန်းဟာ Smart Sensors, Smart Control, Smart Services တွေအတွက် အဓိက Hub ဖြစ်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။ အဲဒီ စမတ်ဖုန်းတွေက အသုံးပြုသူတွေရဲ့ အမူအကျင့်တွေကို ထောက်လှမ်း စိစစ်ပြီး၊ အင်တာနက်မှတစ်ဆင့် ထိန်းချုပ်သည့် ဉာဏ်ရည်တု ဝန်ဆောင်မှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အဆိုပါ 5G devices တွေကို ၂၀၁၉ မှာ ဖြန့်ချိနိုင်ပြီး ၂၀၂၀ အတွင်း မှာ တရားဝင် ဖြန့်ချိနိုင်ဖို့ စီစဉ်ထားကြောင်း Vivo က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၅ ၌ 5G သုတေသနရေးရာ သိပ္ပံကို ပီကင်းမှာ တည်ထောင်ခဲ့ပြီး 3GPP အုပ်စုမှာ 5G နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုအတွက် အကြီးမားဆုံး device ထောက်ပံ့ပေးသူ ဖြစ်လာခဲ့တဲ့အပြင် ပြီးခဲ့သည့်နှစ်ကပဲ Vivo ဟာ အင်တင်နာနှင့် ကြိမ်နှုန်းဆက်စပ်တဲ့ ဖွံ့ဖြိုးမှုတွင် ပါဝင်ခဲ့ပြီး 5G ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကို မြင့်မားစေခဲ့ပါတယ်။

Vivo ဟာ၂၀၁၆ မှာ China Mobile နဲ့ မိတ်ဖက်ဖြစ်ခဲ့ပြီးတဲ့နောက် 5G devices တွေရဲ့ ပါဝါသုံးစွဲမှု လျော့ကျရေးအတွက် ပူးတွဲအဖြေရှာခဲ့ပြီး China Mobile ရဲ့ ဦးဆောင်မှုနဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှု၊ လိုအပ်ချက်တွေကို ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာမှာ အဓိက ပါဝင်ပတ်သက်သူအဖြစ် ပူးပေါင်းလျက်ရှိပါတယ်။ သုံးစွဲသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေကို ထပ်မံဦးဆောင် ပေးအပ်နိုင်ဖို့လည်း Qualcomm နဲ့လက်တွဲ ဆောင်ရွက်လျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top