Crypto သမိုင်းမှာ စံချိန်တင် ခိုးယူခံရမှုအပြီး ၃ ရက်အကြာမှာ Binance က သုံးစွဲသူတွေကို ငွေပြန်လည်ထုတ်ယူခွင့်ပြု

zzz.webp

ခရစ်ပတို (Crypto) သမိုင်းမှာ အကြီးမားဆုံး ခိုးယူမှုကြီးအဖြစ် အမေရိကန်ဒေါ်လာ ၆.၃ ဘီလျံကျော် ခိုးယူခံရပြီးနောက်မှာ ၃ ရက်အကြာမှာတော့ ခရစ်ပတိုအရောင်းအဝယ်ပလက်ဖောင်း Binance က သုံးစွဲသူတွေရဲ့ ငွေထုတ်ယူမှုတွေကို ပြန်လည်ခွင့်ပြုလိုက်ပါပြီ။

ဟက်ကာတွေက Binance ရဲ့ အွန်လိုင်းပိုက်ဆံအိတ် (Hot Wallets) တွေထဲကနေ ဒေါ်လာ ၆.၃ ဘီလီယံတန်ဖိုးရှိ Bitcoin၊ Ethereum နဲ့ တခြားဒစ်ဂျစ်တယ် တိုကင်အမျိုးအစား ၆၀ ကျော်ကို မိနစ် ၂၀ ဝန်းကျင်အတွင်းမှာတင် သူတို့ထိန်းချုပ်တဲ့ ပိုက်ဆံအိတ်တွေထဲ လွှဲပြောင်းယူသွားခဲ့ကြတာပါ။

အမေရိကန် FBI နဲ့ TRM Labs အစရှိတဲ့ ဘလော့ချိန်းထောက်လှမ်းရေး အဖွဲ့အစည်းတွေကတော့ အဲဒီတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားအစိုးရရဲ့ အထောက်အပံ့ ရရှိထားတဲ့ “TraderTraitor” ဟက်ကာအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ (ဒီအဖွဲ့ဟာ ၂၀၂၅ ခုနှစ်တုန်းကလည်း Bybit ဆီကနေ ဒေါ်လာ ၁.၅ ဘီလျံ ခိုးယူခဲ့ဖူးပါတယ်)

စံချိန်တင် ခိုးယူခံရမှုအပြီး Binance ဘက်က ငွေသွင်း/ငွေထုတ်တွေကို ချက်ချင်းရပ်ဆိုင်းခဲ့ပြီး၊ Tether နဲ့ Circle လိုမျိုး Stablecoin ထုတ်ဝေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ခိုးခံရတဲ့ငွေထဲက ဒေါ်လာ ၃ ဘီလီယံနီးပါးကို အချိန်မီ (Freeze) ပိတ်ဆို့နိုင်ခဲ့ပါတယ်။

Binance ကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ နစ်နာမှုအားလုံးကို ကုမ္ပဏီရဲ့ အရေးပေါ်ရန်ပုံငွေ (SAFU) နဲ့ အရန်ငွေတွေထဲကနေ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပြန်လည်ပေးလျော် သွားမယ်လို့ ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးနောက် ငွေထုတ်ယူမှုတွေကို အဆင့်လိုက် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

Ref : Binance resumes customer withdrawals after record $6.3bn hack

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top