တရုတ်နိုင်ငံရဲ့ပို့ဆောင်ရေးဂိုဒေါင်မှာ အိမ်မွေးတိရစ္ဆာန်အကောင်ရေ (၅၀၀၀) သေဆုံးနေတာကို တွေ့ရှိ

1-10-2020-yyl-004.jpg

တရုတ်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ပို့ဆောင်ရေးနေရာတစ်ခုဖြစ်တဲ့ Dongxing Logistics station မှာ အနည်းဆုံးအိမ်မွေးတိရစ္ဆာန် (၅၀၀၀) သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ တိရစ္ဆာန်တွေထဲမှာ ယုန်တွေ၊ ကြောင်တွေ၊ ခွေးတွေနဲ့ဝက်တွေပါပြီး အသက်ရူပေါက်တွေဖောက်ထားတဲ့ ပို့ဆောင်ရေးသေတ္ထာဗူးတွေထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ အခုလိုမတွေ့ရှိခင် တစ်ပတ်လောက်ကတည်းက တိရစ္ဆာန်လေးတွေက အစာရေဆာမစားရဘဲနဲ့ သေတ္တာတွေ၊ ပုံးတွေထဲမှာ ကျန်နေခဲ့ရတာဖြစ်ပါတယ်။

တိရစ္ဆာန်ရာချီသေဆုံးရတာက တရုတ်နိုင်ငံရဲ့တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေ အချိတ်အဆက်မမိဘဲ ပို့ဆောင်ရေးပြတ်တောက်တာတွေကြောင့် ဖြစ်ပုံရပါတယ်။ တိရစ္ဆာန် (၂၀၀) ကျော်လောက်ကိုသာ အသက်ရှင်လျက်တွေ့ရှိခဲ့ရပါတယ်။ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ Utopia က တာဝန်ရှိသူ အစ်မဟွာကတော့ ဒီမြင်ကွင်းဟာ အရမ်းဆိုးရွားလွန်းတယ်။ အဲဒီနေရာမှာ သေဆုံးနေတဲ့တိရစ္ဆာန်ထောင်ချီထည့်ထားတဲ့ သေတ္တာဗူးတွေက ရှုပ်ပွ၊ စုပြုံလို့နေတယ်။ တိရစ္ဆာန်လေးတွေက အသက်ရှုရခက်တာ၊ ရေဓာတ်ကုန်ခန်းတာ၊ ဆာလောင်မွတ်သိပ်တာတွေကြောင့် သေဆုံးရတာ အရမ်းသိသာတယ်လို့ ဆိုပါတယ်။

အစ်မဟွာနဲ့အတူ အခြားစေတနာ့ဝန်ထမ်း (၂၀)ဦး က ယုန် (၂၀၀) ၊ ခွေးနဲ့ကြောင် အကောင်ရေ (၅၀)၊ တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားရမယ့် အခြေအနေစိုးရိမ်ရတဲ့တိရစ္ဆာန်တွေကို ကယ်တင်ခဲ့ရပါတယ်။ ပို့ဆောင်ရေးကုမ္ပဏီတွေရဲ့ ဆက်သွယ်ရေးပြတ်တောက်တာနဲ့ ပို့ဆောင်ရေးစည်းမျဉ်းတွေအထမြောက်အောင်ဆောင်ရွက်မှုရဲ့ ရှေ့နောက်မညီဖြစ်မှုတို့တွေက ဒီလိုစိတ်မကောင်းစရာဖြစ်ရပ်ကို ဖြစ်စေခဲ့တယ်လို့အစ်မဟွာက ဆိုပါတယ်။

တရုတ်နိုင်ငံဥပဒေကတော့ တိရစ္ဆာန်အရှင်တွေကို ထုပ်ပိုးတင်ပို့တာကို တားမြစ်ထားတာကြောင့် ပို့ဆောင်ရေးကုမ္ပဏီတွေက ဆက်လက်မတင်ပို့တော့တဲ့အတွက် တိရစ္ဆာန်တွေက ရက်တော်တော်ကြာ ဂိုဒေါင်မှာ စွန့်ပစ်ခံထားရတာဖြစ်နိုင်တယ်လို့ အစ်မဟွာက ယုံကြည်ထားပါတယ်။ အစ်မဟွာက ဒီလိုမတော်တဆဖြစ်ရပ်မျိုးတွေကို ရှောင်ကျဉ်နိုင်ဖို့အတွက် တိရစ္ဆာန်လေးတွေကို မွေးစားပေးဖို့ ပြည်သူလူထုတွေကို တိုက်တွန်းထားတဲ့အပြင် တိရစ္ဆာန်တွေကို တင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီး ဥပဒေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပေးဖို့ကိုလည်း တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

Ref: Dailymail “5,000 pets including rabbits, cats and dogs are found dead at a depot in China after being left without food or a water for a week when they were sent to buyers through the normal POST”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top