ကလေး (၄) ယောက်ရှိတဲ့မိခင်တွေကို တစ်သက်တာ အခွန်ကင်းလွတ်ခွင့်ပေးမယ့် ဟန်ဂေရီနိုင်ငံ

hot2.jpg

ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာစေဖို့ ကြိုးပမ်းနေတဲ့ ဟန်ဂေရီနိုင်ငံဟာ ကလေး (၄) ယောက်နဲ့အထက်ရှိတဲ့ အမျိုးသမီးတွေကို ဘဝတစ်သက်တာ အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်းက ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေကို မှီခိုစရာမလိုဘဲ ဟန်ဂေရီနိုင်ငံရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် အခုလို စည်းမျဉ်းပြဋ္ဌာန်းလိုက်တာလို့ ဗစ်တာအော်ဘန်းက ပြောပါတယ်။ ဟန်ဂေရီနိုင်ငံသူတွေဟာ ဥရောပနိုင်ငံသူတွေနဲ့ နှိုင်းယှဉ်ရင် ကလေးမွေးဖွားမှု နည်းပါးပြီး ဟန်ဂေရီနိုင်ငံမှာ တစ်နှစ်ကို လူဦးရေ ၃၂၀၀၀ ကျဆင်းနေပါတယ်။

ကလေးမွေးဖွားမှု မြင့်တက်လာစေဖို့ ရည်ရွယ်တဲ့ စီမံကိန်းအရ ငယ်ရွယ်သူစုံတွဲတွေကို အတိုးမဲ့ချေးငွေ ဖိုရင့် (၁၀) သန်း(အမေရိကန်ဒေါ်လာ ၃၆၀၀၀) ထုတ်ချေးပေးမှာဖြစ်ပြီး ကလေး (၃) ယောက်ယူတဲ့ စုံတွဲတွေကို အကြွေးလျှော်ပေးမှာ ဖြစ်ပါတယ်။ ”အနောက်နိုင်ငံတွေကတော့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာလို့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဖြေရှင်းကြပါတယ်။ ကလေးမွေးဖွားမှု တစ်ယောက် လျော့သွားရင် ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက် ခေါ်ယူနေလို့ အရေအတွက်အရ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဟန်ဂေရီပြည်သူတွေကတော့ တစ်မျိုးတစ်ဖုံ စဉ်းစားကြပါတယ်။ ကျွန်တော်တို့အတွက်တော့ အရေအတွက် မလိုပါဘူး။ ဟန်ဂေရီကလေးတွေပဲ လိုအပ်ပါတယ်”လို့ ဗစ်တာအော်ဘန်းက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top