အသားရေနဲ့ဆံသားအတွက် ဗီတာမင်အီးကို ဘယ်လိုအသုံးပြုမလဲ

1-10-2020-yyl-007.jpg

ဗီတာမင်အီးကို အသားရေမှာ အသုံးပြုမယ်ဆိုရင် အရေပြားအစွန်းရောက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး အရေပြားရဲ့သဘာဝအရေးအကြောင်းတွေကို ဖြစ်ပေါ်စေသောအကြောင်းရင်း (Free Radical)တွေကို တိုက်ဖျက်ပေးတဲ့အပြင် အသားရေကိုလည်း ရေဓာတ်ထိန်းပေးပါတယ်။ အဲဒီလို ဗီတာမင်အီးရဲ့အကျိုးကျေးဇူးတွေက ကြည်လင်တဲ့အသားရေကို သင့်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဆယ်လီတွေတောင် သူတို့ရဲ့တစ်နေ့တာမှာ ဗီတာမင်ဓာတ်တွေကို အသုံးပြုကြပါတယ်။ အသားရေထိန်းသိမ်းဖို့နဲ့ ဆံသားထိန်းသိမ်းဖို့အတွက် ဗီတာမင်အီးကို ဘယ်လိုသုံးပေးရမလဲ မသိတဲ့သူတွေအတွက် နည်းလမ်းတွေ မျှဝေပေးချင်ပါတယ်။

ခြောက်သွေ့တဲ့အသားရေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုတာ

မိတ်ကပ်လိမ်းတာများရင် သင့်အသားရေကို ကောင်းမွန်စေဖို့ မျက်နှာပေါင်းတင်ပေးသင့်ပါတယ်။ ဗီတာမင်အီးနဲ့ ရှောင်စောင်းလက်ပက်တို့ကို ရောစပ်ပြီး မျက်နှာမှာ လိမ်းပေးလို့ရပါတယ်။ ရှောင်စောင်းလက်ပက်က အသားရေကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဗီတာမင်အီးကလည်း အသားရေကို ပျက်စီးစေနိုင်တဲ့အရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Eye Cream အနေနဲ့အသုံးပြုတာ

ဗီတာမင်အီးက ရောင်ရမ်း၊ နီမြန်းတာကို တွန်းလှန်ပေးတဲ့ဓာတ်နဲ့ အရေးအကြောင်းကို ကာကွယ်ပေးတဲ့ Collagen ဓာတ်တွေကို ပါဝင်တဲ့အတွက် Eye Cream အနေနဲ့လည်း လူကြိုက်များပါတယ်။ သင့်မျက်လုံးအောက်မှာ နူးညံ့ပြီး စိုပြေနေစေဖို့အတွက် ဗီတာမင်အီးကို ဂျိုဂျိုဘအဆီ (Jojoba Oil) အနည်းငယ်နဲ့ ရောစပ်ပြီး Eye Cream အနေနဲ့ သုံးပေးလို့ရပါတယ်။

မျက်နှာချေးချွတ်ဖို့အတွက် အသုံးပြုတာ

ဗီတာမင်အီးနဲ့ စီကလည်း အသားရေအတွက် အရမ်းအစွမ်းထက်ပါတယ်။ မွခြေထားတဲ့သင်္ဘောသီးကို မွှေပြီး ဗီတာမင်စီအဆီအနည်းငယ်ထည့်လိုက်ပါ။ အဲဒီအရောနှောကို သင့်မျက်နှာမှာ ညင်ညင်သာသာလေး လိမ်းပေးလိုက်ပါ။ သင်္ဘောသီးက အသားရေကို ဖြူဝင်းတောက်ပလာစေတဲ့အပြင် ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဗီတာမင်အီးက အသားရေရဲ့ခုခံနိုင်စွမ်းကို သန်မာလာစေပါတယ်။

ဆံပင်သန်စေတဲ့ဆီအဖြစ် အသုံးပြုတာ

ဗီတာမင်အီးက ဆံပင်ကျွတ်တာကို သက်သာသွားစေနိုင်ပါတယ်။ ဦးရေပြားမှာ သွေးလည်ပတ်မှုကောင်းစေတဲ့၊ ဆံသားကို အာဟာရဓာတ်ဖြည့်ပေးတဲ့ alpha-tocopherol ပါဝင်ပါတယ်။ အုန်းဆီနဲ့ ဗီတာမင်အီအဆီတို့ကို သေချာရောစပ်ပြီး မွေညင်းပေါက်ကနေ ဆံသားတွေသန်မာလာဖို့အတွက် ရောစပ်ထားတဲ့အဆီကို ဆံပင်မှာ လိမ်းပေးလို့ရပါတယ်။

အသားရေအက်ကွဲတာအတွက် Body Scrub အနေနဲ့ အသုံးပြုတာ

Body Scrub အနေနဲ့ အသုံးပြုဖို့ဆိရင် ဗီတာမင်အီးဆီအနည်းငယ်ကို သံလွင်ဆီအနည်းငယ်၊ သကြားကြမ်း (Sugar granules) တို့နဲ့ ရောစပ်လိုက်ပါ။ အသားရေမှာ အရောအနှောကို လိမ်းပြီး စက်ဝိုင်းပုံစံအတိုင်း နှိပ်နယ်ပေးပါ။ ဗီတာမင်အီးက အသားရေကျစ်လျစ်အောင် ထိန်းပေးနိုင်စွမ်းရှိပါတယ်။

Ref: DIY ways to use vitamin E for your skin and hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top