ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ကြီး

10.3.2023-yyl-iamge-10.jpg

ဆွီဒင်နိုင်ငံမှာရှိတဲ့ ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်ဖြစ်သလို ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘောလုံးကွင်း ၅ ကွင်းစာ ကျယ်ပြီး ပစ္စည်းအမျိုးအစားပေါင်း ၁၀၀၀၀၀ ကျော် ရောင်းချတာပါ။

ဆွီဒင်နိုင်ငံတောင်ပိုင်းက အူလာရက်ဒ်မြို့ငယ်လေးမှာ လူ ၈၀၀ နီးပါးပဲ နေထိုင်ကြပေမဲ့ ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်မှာ နှစ်စဉ်နှစ်တိုင်း ဈေးလာဝယ်ကြသူကတော့ ၅ သန်းနီးပါးလောက် လာရောက်ကြတဲ့နေရာပါ။ ၁၉၆၃ ခုနှစ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂိုရန်ကာလ်ဆန်က ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဝန်ထမ်းပေါင်း ၂၀၀၀ ခန့်ထားပြီး တစ်ကြိမ်ကို ဈေးဝယ် ၅၅၀၀ အထိ ဝန်ဆောင်မှုပေးနိုင်စွမ်း ရှိနေပါပြီ။

ဆွီဒင်ဘုရင် ကားလ်ဂူစတက်နဲ့ မိဖုရား ဆေးလ်ဗီးယားတို့လည်း ဈေးလာဝယ်ဖူးပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ဝန်ထမ်းတွေကို ဘောနပ်စ်ပေးတဲ့အနေနဲ့ ဂီကက်စ်အူလာရက်ဒ်ကုန်တိုက်မှာ ဈေးဝယ်ခွင့်ဘောင်ချာတွေ ပေးအပ်လေ့ရှိပါတယ်။

Ref: The World’s Largest Department Store Is the Most Popular Tourist Attraction in Sweden

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top