မြစ်လယ်ခေါင်ထိ အစားအစာ သွားပို့ပေးရတဲ့ ပစ္စည်းပို့သမားလေး

30-7-2020-yyl-020.jpg

ကပ်ရောဂါအတွင်းမှာ အွန်လိုင်းကနေတဆင့် အစားအစာမှာယူစားသောက်တဲ့နှုန်းက ပိုမြှင့်တတ်လာပါတယ်။ အခြားသူတွေ အိမ်မှာနေ နေကြတဲ့အချိန်မှာ စားဝတ်နေရေးကြောင့် ရောဂါအန္တရာယ်ကို မမူဘဲ အလုပ်လုပ်နေကြရတဲ့သူတွေထဲမှာ ပစ္စည်းပို့သမားတွေလည်း အပါအဝင်ပါပဲ။ တချို့ပစ္စည်းပို့သမားတွေက ဆိုင်ကယ်တွေနဲ့ ပစ္စည်းလိုက်ပို့ရပေမယ့် တချို့ကတော့ စက်ဘီးလေးတစ်စီးနဲ့ ပစ္စည်းလိုက်ပို့ပေးနေတာကို မြင်တွေ့ကြရမှာပါ။ ပစ္စည်းပို့သမားတွေက ဖောက်သည် ဘယ်နေရာမှာ ရှိနေရှိနေ ရောက်အောင် သွားပို့ပေးရတယ်ဆိုတာကို ထိုင်းနိုင်ငံက ပစ္စည်းပို့သမားလေးရဲ့ဇာတ်လမ်းလေးက ပြောပြနေပါတယ်။

ဖောက်သည်တစ်ဦးက GrabFood ကနေ ပီဇာမှာယူခဲ့တဲ့အတွက် အဲဒီပစ္စည်းပို့သမားလေးက သွားပို့ဖို့လုပ်တဲ့အခါမှာ ပီဇာမှာယူသူက မြစ်လယ်ခေါင်မှာ ဖြစ်နေပါတယ်။ အဲဒီအကြောင်းကို ပစ္စည်းပို့သမားလေး အာကီ ကေဘီက ဖေ့စ်ဘွတ်ခ်မှာ မျှဝေခဲ့ပါတယ်။ ပစ္စည်းပို့သမားလေးက ဒီဖြစ်ရပ်ကို ဧပြီလက ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အာကီက အစားအစာမှာယူသူရဲ့တည်နေရာက ရေထဲမှာလို့ မြေပုံမှာ ထောက်ပြနေတာကို မြင်တော့ သွားပို့ဖို့ တုံ့ဆိုင်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဖောက်သည်ရဲ့အိမ်က pin မှာထောက်ထားတာဖြစ်နိုင်ပြီး မြစ်ဘေးတစ်လျှောက်မှာ ရှိနိုင်တယ်လို့ အာကီက တွေးခဲ့တာပါ။

ဖောက်သည်ကို ဖုန်းဆက်မေးပြီးတဲ့နောက်မှာတော့ မြစ်လယ်ခေါင်ကလှေပေါ်မှာ မှာယူသူက တကယ်ရှိနေတယ်ဆိုတာ အာကီသိသွားခဲ့တဲ့အခါမှာ တအံ့တသြဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ အာကီက မြစ်ဘေးမှာ သူ့ရဲ့ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး ဖောက်သည်ဆီ အစားအစာသွားပို့ဖို့အတွက် လှေတစ်စီးရှာခဲ့ပါတယ်။ အဲဒီအချိန်မှာ လှေနဲ့ ခေါက်ဆွဲရောင်းနေတဲ့ သက်ကြီးရွယ်အို (၂) ဦးက သူ့ကို လှေစီးခွင့်ပြုခဲ့ပါတယ်။ အာကီက လှေစီးခအနေနဲ့ ဘတ် (၆၀) ပေးခဲ့ရပေမယ့် ပစ္စည်းပို့ခ ဘောက်ဆူးအနေနဲ့ ဘတ် (၁၀၀) ရရှိခဲ့ပါတယ်။ အာကီ ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ပို့စ်က သူ မျှဝေခဲ့တဲ့ ဧပြီလကစပြီး အခုချိန်ထိ Like (၇၃,၀၀၀) နဲ့ Share (28,000) ရှိသွားပါပြီ။

Ref: WorldofBuzz ‘This Grab Food Rider Delivered Food To A Customer Who Was In The Middle Of A River”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top