ဩစတြေးလျလူမျိုး ဂျာရော့တ် ဂရိုဗ်ဆိုတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူရဲ့မျက်နှာပုံကို တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ဇနီးရဲ့ဓာတ်ပုံတွေထဲက ဘယ်ပုံကို တက်တူးထိုးရမလဲဆိုတာ သူ့စိတ်ကူးထားပြီးသားပါ။ အခြားသူတွေလို ဇနီးဖြစ်သူရဲ့လှပတဲ့မျက်နှာပုံမဟုတ်ဘဲအပေါင်းအသင်းတွေပျော်အောင် တီဂန် လုပ်ပြခဲ့တဲ့ ရယ်စရာမျက်နှာနဲ့ ပုံက ဂျာ့ရော့တ်အတွက် တက်တူးထိုးဖို့ အကောင်းဆုံးပုံဖြစ်ခဲ့တာပါ။

သူ့ဇနီးက အဲ့လိုရယ်စရာမျက်နှာကြီးနဲ့ ဓာတ်ပုံကို မကြိုက်ပေမဲ့ သူကြိုက်တဲ့အတွက် တက်တူးထိုးဖြစ်ခဲ့တယ်။ သူ သိတဲ့ အရယ်ရဆုံးသူဖြစ်ပြီး အဲ့ဒီမျက်နှာက သူ့ကို ပျော်ရွှင်စေတယ်ဂျာရော့တ်က ဆိုပါတယ်။

တီဂန်နဲ့ ဂျာရော့တ်တို့က အချင်းချင်းစနောက်ရတော့ကြိုက်ကြပါတယ်။ အဲ့ဒီတက်တူးထိုးတာကို ဇနီးဖြစ်သူကို လျှို့ဝှက်ထားခဲ့တာပါ။ ဒီတက်တူးကို သူ့ဇနီးမြင်ရင် ဘယ်လိုဖြစ်သူမလဲ၊မျက်ရည်ကျမလားလို့ သိချင်မိခဲ့ပါတယ်။ ဒါပေမဲ့ တီဂန် မြင်တော့ အရမ်းရယ်ခဲ့တယ်။ ငိုလည်းငိုခဲ့တယ်။ ပြီးတော့ ထပ်ပြီးရယ်ပြန်ပါတယ်။ Google မှာ လေဆာနဲ့တက်တူးဖျက်တာကို ရှာခဲ့ပေမဲ့ မတတ်သာတဲ့အဆုံး လက်လျှော့လိုက်ရပါတယ်။
ဂျာရော့တ်က ဒီတတ်တူးထိုးပြီးဖို့ ၈နာရီ အချိန်ပေးခဲ့ရတာပါ။
Ref: Man gets his wife’s most unflattering photo tattooed on his body and she was fuming
WL (ရိုးရာလေး)

