၁ မိနစ်အတွင်း ငရုတ်ဆော့စ် ၃၀၀ ဂရမ်ကျော်စားပြပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့သူငရုတ်ဆော့စ်၁ မိနစ်အတွင်း ငရုတ်ဆော့စ် ၃၀၀ ဂရမ်ကျော်စားပြပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့သူ

10.6.2024-yyl-1.jpg

အမေရိကန်နိုင်ငံက အမျိုးသားတစ်ဦးဟာ ငရုတ်ဆော့စ်တွေအများကြီးစားပြပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်အောင် လုပ်နိုင်ခဲ့ပါတယ်။ ချေဘရက်ရှော့ဆိုတဲ့ အဲ့ဒီအမျိုးသားက ၁ မိနစ်အတွင်း ငရုတ်ဆော့စ် ၃၃၂.၇၀ ဂရမ်ကို စားပြခဲ့တာပါ။ အစပ်တွေအများကြီးစားပြနိုင်ခဲ့တဲ့အတွက် သူဟာ လူအများရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

သူ စက္ကန့်၆၀ အတွင်း ငရုတ်ဆော့စ်စားပြတဲ့ ဗီဒီယိုကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။ ” ၁ မိနစ်အတွင်း ၃၃၂.၇၀ ဂရမ် ငရုတ်ဆော့စ်ကို စားပြနိုင်ဆုံး ချေဘရက်ရှော့ပါ။ ဒါးလတ်စ်မြို့က Taco Bell ဆိုင်မှာ စားပြခဲ့တာပါ”ဆိုတဲ့စာသားလည်း ရေးသားခဲ့ပါတယ်။

Ref: Man sets world record by consuming over 300 grams of hot sauce in just one minute

Wl (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top