နာမည်ကျော် Youtuber MrBeast က ဆင်းရဲနွမ်းပါးတဲ့မိသားစု ၂၀၀ ကို ဒေါ်လာ ၂ သိန်း လှူဒါန်းပေး

18.6.2024-yyl-3.jpg

နာမည်ကျော် Youtuber MrBeast က ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ဒေါ်လာ ၂ သိန်း လှူဒါန်းပေးခဲ့ပါတယ်။ ဆင်းရဲမှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ယူဂန်ဒါနိုင်ငံ ကာရာမိုဂျာမြို့မှ အိမ်ခြေ ၂၀၀ ကို GiveDirectly ပရဟိတအဖွဲ့မှတစ်ဆင့် ဒေါ်လာ ၁၀၀၀ စီ လှူဒါန်းပေးခဲ့တာပါ။

GiveDirectly ပရဟိတအဖွဲ့ဟာ ဂြိုဟ်တုမှတဆင့် ဆင်းရဲမှုဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ နေရာတွေကို ရှာဖွေပြီး တိုက်ရိုက်သွားကာ ငွေသားလှူဒါန်းပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ငွေသား တိုက်ရိုက်လှူဒါန်းပေးတာဟာ ကြားခံအဆင့်ကို ကျော်ဖြတ်ပြီးသား ဖြစ်တာမို့ အထောက်အပံ့ပစ္စည်းတွေ ပေးအပ်လှူဒါန်းတဲ့ လုပ်ရိုးလုပ်စဉ်ထက် ပိုထိရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။

MrBeast ( နာမည်အရင်းမှာ ဂျင်မီဒေါ်နယ်ဆင်) ရဲ့ Beast Philanthropy ပရဟိတအဖွဲ့က GiveDirectly နဲ့ ပူးပေါင်းပြီး အခုလို လှူဒါန်းပေးခဲ့တာပါ။ သူတို့ အဖွဲ့အစည်း ၂ ခုဟာ ရှေကဆက်ပြီး လှူဒါန်းမှုတွေ ဆက်လုပ်ဖို့လည်း စီစဉ်နေပါတယ်။

Ref:MrBeast Gives $200,000 Directly To People In Poverty

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top