ဝမ်းဗိုက်မှာ အသည်းနှလုံးပုံအမှတ်နဲ့ မွေးဖွားလာခဲ့တဲ့ ဖေဖော်ဝါရီဖွားကလေးလေး

14.2.2023-image-5.jpg

စုံတွဲတစ်တွဲရဲ့ ကလေးလေးဟာ ဖေဖော်ဝါရီလဖွားဖြစ်တဲ့အပြင် အသည်းနှလုံးပုံမွေးရာပါအမှတ်နဲ့လည်း မွေးဖွားလာခဲ့တာပါ။ ဂျော်ဂျီယာ ဝီလ်ချ်အမည်ရတဲ့ အဲဒီကလေးလေးရဲ့ဝမ်းဗိုက်ဘယ်ဖက်ခြမ်းမှာ အသည်းနှလုံးပုံအမှတ်ပါလာခဲ့တဲ့အတွက် ဆရာဝန်တွေလည်း အံ့အားသင့်ခဲ့ရတာပါ။ သူ့ရဲ့အမှတ်က သားဖွားဆရာဝန်တွေနဲ့သူနာပြုတွေကြား ပြောစမှတ်ပြုသွားခဲ့တာပါ။

သားဖွားဆရာဝန်တွေကတော့ ဂျော်ဂျီယာရဲ့မိဘတွေဖြစ်တဲ့ ဂျိုးနဲ့ ဂျေးတို့ကို အဲဒီအသည်းနှလုံးပုံအမှတ်အသားက ကလေးကြီးလာတာနဲ့အမျှ ပျောက်ကွယ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာရဲ့မွေးရာပါအမှတ်က မှေးမှိန်သွားမယ်လို့ ဆရာဝန်တွေ ထင်ခဲ့သလိုမျိုးမဟုတ်ဘဲ (၁) နှစ်မပြည့်ခင် ပိုပြီးကြီးလာပြီး သိသာထင်ရှားစွာ မြင်တွေ့နေရတုန်းပါပဲ။

ဂျော်ဂျီယာက မွေးရမယ့်ရက်ထက် ၃ ရက်စောပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးခါစတုန်းက အနီရောင်အမှတ်က သေးသေးလေးပေမဲ့ ပုံစံကျတဲ့အသည်းနှလုံးပုံပါပဲ။ အဲဒီကတည်းက အနီရောင်အသည်းနှလုံးပုံအမှတ်က ဆက်လက်ကြီးလာခဲ့တာပါ။ ဒီအမှတ်က ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး။ အခုဆို မိခင်ဖြစ်သူ ဂျေးက သူ့သမီးလေးရဲ့မွေးရာပါအမှတ်လိုမျိုး အသည်းနှလုံးပုံတက်တူးထိုးဖို့ အစီအစဉ်ရှိနေပါတယ်။

Ref: Dailymail “Real-life cupid! February-born baby has a perfect heart-shaped birth mark on her tummy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top