အကယ်ဒမီဆုရနဲ့ ဂရမ်မီ ၄ ကြိမ်ရ မင်းသားကြီး ဝီလ်စမစ်ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ရဲ့ BET Awards ပွဲမှာ သူ့သီချင်းအသစ် “You Can Make It” ကို သီဆိုဖျော်ဖြေခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2024/07/30.6.2024-yyl-4.jpg)
ဒီသီချင်းကို သောကြာနေ့က ထွက်ရှိခဲ့ပြီး အဆိုတော်ဖရိုက်ဒေးနဲ့ ဂီတအဖွဲ့ Sunday Service Choir တို့က featuring အဖြစ် ပါဝင်ထားပါတယ်။ သူတို့တွေကလည်း ဝီလ်စမစ်နဲ့အတူ ဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်ပေးခဲ့ပါတယ်။ ဒီဖျော်ဖြေတင်ဆက်မှုက ပွဲကြည့်ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။
ဇွန်လအစောပိုင်းကလည်း ဝီလ်စမစ်ဟာ Bad Boys 4 ဇာတ်ကားဇာတ်ဝင်တေးအတွက် အဆိုတော်ရှောင်ပေါ လ်နဲ့အတူ “Light Em Up” သီချင်းထွက်ရှိခဲ့ပါသေးတယ်။
ဖျော်ဖြေတင်ဆက်မှုကြည့်ရှုရန် – https://www.youtube.com/watch?v=OhDgNoqkTrw
Ref: Will Smith performs at 2024 BET Awards, debuts new song
WL(ရိုးရာလေး)