တစ်မိသားစုလုံး မွေးနေ့တူကြတဲ့ မိသားစုတစ်စု

14.7.23-yyl-6.jpg

ပါကစ္စတန်လူမျိုးမိသားစုတစ်စုက ကမ္ဘာ့တစ်ဝှမ်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ကမ္ဘာ့ဂင်းနက်စံချိန်ကိုတောင် ချိုးခဲ့တာပါ။ သူတို့မိသားစုတစ်စုလုံးက မွေးနေ့တူတဲ့အတွက်ကြောင့်ပါ။ အဲဒီမိသားစုကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အိမ်ထောင်စုတစ်စုတည်းမှာ မွေးရက်တစ်ရက်တည်း မွေးဖွားသူအများဆုံးဆိုတဲ့ ထူးခြားတဲ့မှတ်တမ်းကို ကိုင်ဆောင်ထားသူအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့တာပါ။

အာမီ အာလီနဲ့ ကူဒဲဂျာဆိုတဲ့ ဇနီးမောင်နှံမှာ အသက် ၁၉ ကနေ အသက် ၃၀ အရွယ်ကြား ဆင်းဒ်ဟို၊ မိန်းကလေးအမြွှာ ဆာဆူနဲ့ ဆာနာ၊ အာမေး၊ အမ်ဘာ၊ ယောက်ျားလေးအမြွှာ အမ်မာနဲ့ အာမာဆိုပြီး သားသမီး ၇ ဦးရှိပါတယ်။ အံ့ဩစရာကောင်းတာက သူတို့မိသားစု ၉ ဦးဟာ မွေးနေ့အတူတူပါပဲ။ အာမီနဲ့ ကူဒဲဂျာတို့ဟာ ၁၉၉၁ ခုနှစ်က သူတို့ရဲ့မွေးနေ့မှာ လက်ထပ်ခဲ့ကြတာပါ။

မောင်နှမ ၇ ဦးကလည်း တစ်နေ့တည်းမှာ မွေးတဲ့ မွေးချင်းအများဆုံးစံချိန်ကို ကိုင်ဆောင်ထားပါတယ်။ အရင်က ဒီမှတ်တမ်းကို ကိုင်ဆောင်ခဲ့သူက ၁၉၅၂ ခုနှစ်နဲ့ ၁၉၆၆ ခုနှစ်ကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မွေးဖွားတဲ့ Cummins Family (USA) ရဲ့ မောင်နှမ ၅ ဦးပါ။

အာမီက သူတို့ရဲ့ပထမဆုံးကလေး ဆင်းဒ်ဟိုက ၁၉၉၂ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့မှာ မွေးဖွားတော့ သူနဲ့သူ့ဇနီးတို့ရဲ့မွေးရက်နဲ့ တူတာကြောင့် အရမ်းအံ့အားသင့်ခဲ့ရတာပါ။ နောက်ထပ်ကလေးတွေလည်း ဩဂုတ် ၁ရက်နေ့တွေမှာပဲ မွေးဖွားတာတွေ့ရတော့ ထပ်ပြီး အံ့အားသင့်သွားခဲ့ရတာပါ။ သူတို့ဇနီးမောင်နှံကတော့ ဘုရားကပေးတဲ့ လက်ဆောင်အဖြစ် ယူဆထားပါတယ်။ ကလေးတွေအကုန်လုံးကို သဘာဝအတိုင်းပဲ မွေးဖွားခဲ့တာပါ။ ခွဲမွေးတာတွေမလုပ်ခဲ့ပါဘူး။ ထူးထူးခြားခြား မိန်းကလေးအမြွှာနဲ့ ယောက်ျားလေးအမြွှာတောင်ပါ ပါတယ်။

အာမီနဲ့ ကူဒဲဂျာတို့က သူတို့ရဲ့သားသမီးတွေနဲ့အတူ မွေးနေ့ဆင်နွှဲရတဲ့အတွက် ဝမ်းသာပိတီဖြစ်နေရတာပါ။ မွေးနေ့ကိတ်တစ်ခုတည်းနဲ့ သူတို့ရဲ့မွေးနေ့ကို အတူတူကျင်းပဆင်နွှဲရုံပါပဲ။

Ref: One Day, Nine Birthdays: In Pakistan, Family Of 9 Shares The Same Birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top