ဆလိုဗက်ကီးယားအသင်းကိုအနိုင်ရပြီးနောက် အင်္ဂလန်ကစားသမားတွေအတွက် ဖျော်ဖြေတင်ဆက်ပေးခဲ့တဲ့ အဆိုတော်အက်ဒ်ရှီရန်

3.7.2024-yyl-3.jpg

ယူရို-၂၀၂၄ ပြိုင်ပွဲ (၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို အနိုင်ရပြီး ၁ ရက်အကြာမှာ အဆိုတော်အက်ဒ်ရှီရန်ဟာ သီးသန့်ဖျော်ဖြေတင်ဆက်မှုနဲ့ဂုဏ်ပြုပေးခဲ့ပါတယ်။

ဇူလိုင် ၁ရက်နေ့က အင်္ဂလန်ကစားသမားတွေရှိရာ Blankenhain က လေ့ကျင့်ရေးကွင်းဆီ အလည်လာပြီးတော့ သီချင်းဖျော်ဖြေတင်ဆက်ပေးခဲ့တာပါ။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အက်ဒ်ရှီရန်က အင်္ဂလန်နဲ့ ဒိန်းမတ် သားရေပွဲစဉ်နဲ့ အင်္ဂလန်နဲ့ဆလိုဗက်ကီးယား ၂-၁ ပွဲစဉ်တွေမှာလည်း လာရောက်ကြည့်ရှုခဲ့ပါသေးတယ်။

အက်ဒ်ရှီရန်က အင်္ဂလန်အသင်းကို နှစ်ရှည်လများစွာအားပေးလာခဲ့သူဖြစ်ပြီး Euro 2020 နောက်ဆုံးပွဲစဉ်မတိုင်ခင်တုန်းကလည်း အင်္ဂလန်အသင်းဆီအလည်လာခဲ့ပါသေးတယ်။

Ref: Ed Sheeran performs for England players after Slovakia win

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top