ဟာဝိုင်အီမှာကျင်းပခဲ့တဲ့ The Rock ရဲ့ လက်ထပ်ပွဲ

68299118_2222118097914102_5347130246527188992_n.jpg

ဟောလိဝုဒ်အက်ရှင်မင်းသားကြီး ဒွိန်းဂျွန်ဆင် (Dwayne Johnson/ The Rock) ကတော့ အချိန်အကြာကြီးတွဲလာခဲ့တဲ့ချစ်သူ အသက် (၃၄) နှစ်အရွယ် လော်ရန် ဟရှီယန် (Lauren Hashian) နဲ့ လက်ထပ်လိုက်ပါပြီ။

လက်ထပ်ပွဲကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဟာဝိုင်အီမှာကျင်းပခဲ့တာဖြစ်ပြီး နှစ်ယောက်သားပျော်ရွှင်နေတဲ့ဓာတ်ပုံတွေကို ဒွိန်းဂျွန်ဆင် ရဲ့အင်စတာဂရမ်မှာ We do ဆိုတဲ့စာသားနဲ့တွဲပြီးတင်ထားတာကိုတွေ့ရပါတယ်။

ဂျွန်ဆင် နဲ့ လော်ရန် တို့ဟာ၂၀၀၆ ခုနှစ်က The Great Game ဇာတ်ကားရိုက်ကူးစဉ်မှာစတွေ့ခဲ့ကြတာဖြစ်ပြီး အခုချိန်ထိလက်တွဲမြဲခဲ့တဲ့သူတို့နှစ်ဦးမှာ (၃) နှစ်အရွယ် ဂျက်စ်မင် (Jasmine) ဆိုတဲ့သမီးလေးတစ်ဦးနဲ့ တီယာနာ (Tiana) ဆိုတဲ့ (၁၆) လ အရွယ်သားလေးတစ်ဦးရှိနေပါပြီ။

ပျော်စရာမိသားစုဘဝကို သက်ဆုံးတိုင်ပိုင်ဆိုင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ် The Rock ကြီးရေ….။

Ref: CBSNews “Dwayne “The Rock” Johnson and Lauren Hashian marry in Hawaii”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top