လူနာရဲ့အဆုတ်ထဲမှ အကြိတ်ကို မိုင် ၃၀၀၀ အကွာအဝေးမှာရှိတဲ့ တရုတ်ဆရာဝန်က စက်ရုပ်လက်တံ အကူအညီနဲ့ ခွဲစိတ်ဖယ်ရှား

7.8.2024-yyl-3.jpg

တရုတ်နိုင်ငံမှ ဆရာဝန်တစ်ဦးဟာ ခွဲစိတ်စက်လက်တံတွေကို အသုံးပြုပြီး မိုင် ၃၀၀၀ အကွာအဝေးမှာရှိတဲ့ လူနာရဲ့အဆုတ်ထဲမှ အကြိတ်ကို ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အနာဂတ်ဆေးပညာလောကရဲ့ ရောင်နီသန်းချိန်လို့လည်း တင်စားခံနေရပါတယ်။

ဒေါက်တာလျူချင်းဟာ ရှန်ဟိုင်းရင်ခေါင်းဆေးရုံ(Shanghai Chest Hospital)မှာ ထိုင်နေရင်း မိုင် ၃၀၀၀ ကျော် ကွာဝေးတဲ့ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကက်ရှ်ဂါမြို့ ဆေးရုံပေါ်မှ လူနာကို ခွဲစိတ်ပေးခဲ့တာပါ။ တရုတ်နိုင်ငံထုတ် 5G နည်းပညာ Medbot ရဲ့အကူအညီနဲ့ အချိန်ဇုန် ၃ ဇုန်ကို ကျော်ဖြတ်ကာ ညွှန်ကြားချက်တွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဟိုးယခင်နှစ်တွေက ကျန်းမာရေးကျွမ်းကျင်ပညာရှင် နည်းပါးလို့ သေခြင်းမှတပါး အခြားမရှိတဲ့ ဝေးလံခေါင်ဖျား ဒေသများမှ လူထောင်ပေါင်းများစွာကို အသက်ကယ်တင်ပေးနိုင်ဖွယ် ရှိလာပါပြီ။

ရှန်ဟိုင်းရင်ခေါင်းဆေးရုံဟာ တရုတ်နိုင်ငံမှာ စက်ရုပ်ခွဲစိတ်လက်ထံတွေကို အသုံးပြုပြီး ခွဲစိတ်မှုလုပ်တဲ့ ပထမဆုံး ဆေးရုံဖြစ်သလို အဲဒီလို ခွဲစိတ်မှုတွေ အများဆုံးလုပ်ထားနိုင်တဲ့ ဆေးရုံလည်း ဖြစ်တယ်လို့ ရှန်ဟိုင်းနေ့စဉ်သတင်းစာက ဖော်ပြပါတယ်။

ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ အထူးခွဲစိတ်ဆရာဝန်တွေ ရှားပါးပြတ်လပ်မှုက ဆေးပညာရပ် တိုးတက်ထွန်းကားလာနိုင်ဖို့ အဓိက အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်။ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ လူ ၁ သိန်းအတွက် ခွဲစိတ်ဆရာဝန် ဝ.၇ ဦးပဲ ရှိပြီး ဒီပမာဏဟာ ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေမှ ၅.၅ ဦးနှုန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နည်းပါးနေပါတယ်။

Ref: Chinese Doctor Removes Patient’s Lung Tumor Using Robot from 3,000 Miles Away
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top