ရဲနဲ့ယာဉ်မောင်းအကြား ပြဿနာကိုဖြေရှင်းပေးမယ့် ရဲစက်ရုပ်

d_mach_trafficrobot_1905080.10005637705.jpg

အမေရိကန်ပြည်မှာ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ရဲက ယာဉ်မောင်းသူတွေကို ရှောင်တခင်စစ်ဆေးရင်း ရဲနဲ့ယာဉ်မောင်းကြား ပစ်ခတ်တိုက်ခိုက်ကြတဲ့အဖြစ်ဆိုးတွေကို ကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်က စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ရူဘန်ဘရူဝာ (Reuben Brewer) ဟာ Gobetween Robot ဆိုတဲ့ ရဲစက်ရုပ်တစ်မျိုးကို တီထွင်ကြံဆခဲ့ပါတယ်။

အမေရိကန်ရဲ့ကားလမ်းမတွေပေါ်မှာ ရဲနဲ့ယာဉ်မောင်းကြား အသက်သေစေနိုင်တဲ့အထိ အပြန်အလှန်ပစ်ခတ်မှုနဲ့ တိုက်ခိုက်မှုတွေဟာ နှစ်စဉ် အကြိမ်ငါးသောင်းကျော်အထိ ဖြစ်ပွားနေ

အမေရိကန်ရဲ့ကားလမ်းမတွေပေါ်မှာ ရဲနဲ့ယာဉ်မောင်းကြား အသက်သေစေနိုင်တဲ့အထိ အပြန်အလှန်ပစ်ခတ်မှုနဲ့ တိုက်ခိုက်မှုတွေဟာ နှစ်စဉ် အကြိမ်ငါးသောင်းကျော်အထိ ဖြစ်ပွားနေတာပါ။ Gobetween ဆက်သွယ်ရေး စက်ရုပ်လေးကတော့ ဒီပြသနာကိုဖြေရှင်းသွားနိုင်မယ်လို့ ရူဘင်ကယုံကြည်ထားပါတယ်။

Gobetween ဆက်သွယ်ရေး စက်ရုပ်လေးကတော့ ဒီပြသနာကိုဖြေရှင်းသွားနိုင်မယ်လို့ ရူဘင်ကယုံကြည်ထားပါတယ်

ယာဉ်မောင်းသူရဲ့ကားရဲ့နောက်ဘက်ကနေ စစ်ဆေးလိုတဲ့ရဲကားက ဝင်ရပ်လိုက်တာနဲ့တစ်ပြိုင်နက် ရဲကားမှာတပ်ဆင်ထားတဲ့ ဒီစက်ရုပ်လေးက ယာဉ်မောင်းသူရဲ့ကားပြတင်းပေါက်ဆီကို အရောက်သွားပြီး အလိုအလျောက်အလုပ်လုပ်ပေးသွားမှာဖြစ်သလို ရဲနဲ့ယာဉ်မောင်းအကြား မျက်နှာချင်းဆိုင်စရာမလိုတော့တာမို့ စိတ်အချရဆုံး အခြေအနေတစ်ခုဖြစ်လာဖို့လည်း မျှော်လင့်ရတာဖြစ်ပါတယ်။

” ရဲနဲ့ ယာဉ်မောင်းသူအကြား ပစ်ခတ်ခံရတာတွေ၊ တစ်ဖက်သတ် ကားနဲ့တိုက်ပြေးတာတွေ၊ ဒီလိုသတင်းတွေကိုကြားရတာ ကျွန်တော် စိတ်ကုန်နေပါပြီ။ ဒါကြောင့် ဒီစက်ရုပ်လေးကနေ အသက်တစ်ချောင်းပဲဖြစ်ဖြစ် ကယ်ပေးနိုင်မယ်ဆိုရင်တောင် ကျွန်တော်အရမ်းပဲပျော်ရွှင်ရမှာပါ။ စက်ရုပ်မှာ ဘာလက်နက်မှမပါဝင်တာမို့ ယာဉ်မောင်းသူကိုလည်း အန္တရာယ်မပြုနိုင်ပါဘူး။ ရဲနဲ့ယာဉ်မောင်းအကြား ဘယ်သူ့ကိုမှ မသေဆုံးစေချင်ပါဘူး ” လို့ စက်ရုပ်တီထွင်သူ ရူဘင်က ပြောပြသွားခဲ့ပါတယ်။

(၂၀၁၆) ခုနှစ်တုန်းကလည်း အမေရိကန်ကလူမည်းတစ်ဦးဖြစ်တဲ့ ဖီလန်ဒိုကတ်စ်တိုင်း (Philando Castile) ဟာလည်း ယာဉ်မောင်းလာရင်း ရဲကရှောင်တခင်စစ်ဆေးမှုလာမှုကြုံရပြီး ပစ်သတ်ခံခဲ့ရဖူးပါတယ်။

Ref: NBCNEWS “This police robot could make traffic stops safer”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top