ပွင့်ချက်၊ သစ်ရွက်တွေနဲ့ လက်ရာမြောက်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ အနုပညာရှင်

22.8.2024-yyl-5.png

ဂျပန်နိုင်ငံဖွား ကနေဒါအနုပညာရှင် ရာကူအီနူးက ပန်းပွင့်တွေ၊ သစ်ရွက်တွေနဲ့ သစ်ပင်မှ အခြားအစိတ်အပိုင်းတွေကို အသုံးပြုပြီး ဂန္ထဝင်ကာတွန်းဇာတ်ကောင်တွေ၊ တိရစ္ဆာန်ပုံတွေကို လှပစွာ ဖန်တီးပုံဖော်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က လေပြင်းပြင်း တိုက်နေတဲ့နေ့မှာ အီနူးက အိမ်နောက်ဖေး ပန်းခြံထဲမှာထိုင်ရင်း နှင်းဆီပွင့်တွေ လှုပ်ခတ်နေတာကို ငေးကြည့်နေခဲ့ပါတယ်။ မြေပြင်ပေါ် ကြွေကျနေတဲ့ ပွင့်ချပ်တွေကိုကြည့်ရင်း နှမျောစရာကောင်းလိုက်တာလို့ တွေးမိရင်း ပန်းပွင့်တွေကို ခူးနေမိခဲ့တာပါ။

အဲဒီနောက်မှာတော့ သူ့ခေါင်းထဲကို အတွေးတစ်ခုဝင်လာပြီး ပွင့်ချပ်တွေ၊ သစ်ရွက်တွေကိုသုံးပြီး ပျားတစ်ကောင်ပုံစံ ပုံဖော်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အီနူးဟာ စူပါမာရီယို၊ ဂေါ်ဇီလာ၊ အင်းဆက်ပိုးမွှားတွေ၊ တိရစ္ဆာန်ပုံတွေ၊ ကုန်အမှတ်တံဆိပ်လိုဂိုတွေကိုပါ ပွင့်ချပ်တွေနဲ့ ပုံဖော်ဖန်တီးခဲ့တာပါ။ သူ့ရဲ့ဖန်တီးမှုတွေကလည်း တကယ်ကို လက်ရာမြောက်လွန်းလှပါတယ်။

” နှစ်စဉ်နှစ်တိုင်း ပန်းပွင့်မယ့်အချိန်ကို စောင့်မျှော်နေတတ်ပါတယ်။ ပြီးတော့ နေဝင်ချိန်မှာ သစ်ရွက်တွေ အနီရောင်ပြောင်းသွားတာကို ကြည့်ရတာလည်း သဘောကျပါတယ်။ ရာသီတိုင်း ထူးခြားမှုတွေရှိပါတယ်။ အသေးဆုံး အစိတ်ပိုင်းကအစ တန်ဖိုးထားတတ်သူတွေကတော့ ဒါကို ဂုဏ်ယူစရာတစ်ခုလို သဘောထားကြမှာပါ။ ကျွန်တော် အခုလို ဖန်တီးမှုတွေလုပ်တယ်ဆိုတာ ပွင့်ချပ်တွေ၊ သစ်ရွက်တွေကို တန်ဖိုးထားလို့ပါပဲ”လို့ အီနူးက ဆိုပါတယ်။

Ref: Japanese Artist Recreates Iconic Pop Culture Characters Using Only Flowers and Leaves
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top