ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာလို့ ဟောင်ကောင်မြို့က စာသင်ကျောင်းအားလုံးကို ရပ်ဆိုင်း

10-7-2020-yyl-036.jpg

ဟောင်ကောင်မြို့မှာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက်မှာတော့ စာသင်ကျောင်းအားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ အစောပိုင်းတုန်းက ဟောင်ကောင်မြို့မှာရှိတဲ့ အစိုးရကျောင်းတွေကို ဇူလိုင်လနှောင်းပိုင်းရောက်မှ နွေရာသီအားလပ်ရက်ပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာပြီး စာသင်ကျောင်းတွေရဲ့သန့်ရှင်းမှုအပေါ် မိဘတွေက စိုးရိမ်ပူပန်လာကြတဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပေးချက်ကို လက်ခံပြီး မူကြို၊ မူလတန်း၊ အလယ်တန်းကျောင်းတွေအားလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဟောင်ကောင်မြို့ ပညာရေးဝန်ကြီး ကီဗင်ယန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဟောင်ကောင်မြို့မှာ ဒေသတွင်း ကူးစက်မှု ၃၄ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူနာသစ် ၄၂ ယောက် တွေ့ရှိခဲ့ပြီးနောက်မှာ အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဟောင်ကောင်အစိုးရဟာ ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန်မြင့်တက်လာမှာကို တားဆီးဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကိုလည်း တင်းကျပ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top