ငွေလိုနေပေမဲ့ ကောက်ရတဲ့ပိုက်ဆံကို ပိုင်ရှင်ထံ ပြန်ပေးခဲ့သူအမျိုးသမီးကြီး အလှူငွေ ဒေါ်လာသောင်းချီ ရရှိ

4.2.2023-image-2.jpg

ဒိုင်ယာနီဂေါ်ဒန်ဆိုတဲ့ အမျိုးသမီးကြီးက အလုပ်သွား၊ အလုပ်ပြန် ၂.၇ မိုင်စီ လမ်းလျောက်ရတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကတည်းက ကားပျက်သွားတာ သူမပြင်နိုင်သေးဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်မှာတော့ အလုပ်ကနေ ပြန်လာရင်း ဗိုက်ဆာလို့ စတိုးဆိုင်မှာ မုန့်ဝယ်တယ်။ ဆိုင်ရှေ့အရောက်မှာပဲ ပလတ်စတစ်အိတ်တစ်လုံးတွေ့တယ်။ အိတ်ထဲမှာ ငွေတွေအပြည့်ပဲ။ သူက ငွေအိတ်ထဲ ဆိုင်ထဲ ယူသွားပြီး စတိုးဆိုင် ငွေကိုင်ကို အကျိုးအကြောင်း ပြောပြတယ်။ အနီးနားက ရဲစခန်းကို အကြောင်းကြားတယ်။

ဒီငွေအိတ်ရဲ့ပိုင်ရှင်က ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ပါ။ မင်္ဂလာဆောင်မှာ ရထားတဲ့ လက်ဖွဲ့ငွေတွေ ဖြစ်ပါတယ်။ စုစုပေါင်း ဒေါ်လာ ၁၅၀၀၀ လောက် ရှိတယ်။ ဒိုင်ယာနီဂေါ်ဒွန်က ငွေလိုနေသူပါ။ ဒီပိုက်ဆံပမာဏက သူ့ဘဝကို ပြောင်းလဲသွားစေပါတယ်။ ဒါပေမဲ့ သူ ရိုးရိုးသားသားနဲ့ ပိုက်ဆံတွေကို ပိုင်ရှင်ထံ အပ်ဖို့ ပြုမူခဲ့တယ်။

ဒိုင်ယာနီဂေါ်ဒွန်ရဲ့ ရိုးသားမှုကို သဘောကျသွားတဲ့ ရဲအရာရှိတစ်ဦးရဲ့ ဇနီးက သူ့အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့ရာမှာ ၂၄ နာရီအတွင်းမှာပဲ ဒေါ်လာ ၄၀၀၀၀ အထိ ရရှိခဲ့ပါတယ်။ ဒီပမာဏက သူ ကောက်ရတဲ့ ငွေပမာဏထက်တောင် ၃ ဆနီးပါး ပိုများနေပါသေးတယ်။ ဒီငွေတွေနဲ့ သူ့ကို ကားတစ်စီး ဝယ်ပေးဖို့ ရန်ပုံငွေ ထူထောင်သူတွေကို ကြိုးပမ်းနေကြပါတယ်။ ရိုးသားမှုအကျိုးကို ချက်ချင်းလက်ငင်း ခံစားလိုက်ရတာပါ။

Ref: $40K Raised For Woman Who Returned A Bag Of $15,000 In Cash

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top