Galaxy AI ecosystem နဲ့ S Pen တို့ ပေါင်းစပ်လိုက်ခြင်းကြောင့် ပိုမိုသာလွန်တဲ့ ဖန်တီးနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းတို့ကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

7.10.2024-yyl-18.jpg

AI နည်းပညာထည့်သွင်းမယ့် ရည်ရွယ်ချက်နဲ့ Samsung က အထူးထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးသော Galaxy Tab S10 စီးရီးကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်ရောင်းချ ပေးနေပြီဖြစ်ပါတယ်။ Galaxy Tab S10 Ultra နဲ့ Galaxy Tab S10+ ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ထွက်ရှိလာတဲ့ အဆိုပါ စီးရီးသစ်မှာ ကျယ်ပြန့်တဲ့ မျက်နှာပြင်၊ အထူးကြည်လင်ပြတ်သားတဲ့ Dynamic AMOLED 2X တို့ပါဝင်လာပြီး S Pen အသုံးပြုနိုင်ခြင်းတို့ကြောင့် Tablet ရဲ့ ယေဘုယျလုပ်ဆောင်နိုင်စွမ်းအားဖြင့် ၁၈%၊ ဂရပ်ဖစ်စွမ်းဆောင်ရည်အားဖြင့် ၂၈% စသဖြင့် အဖက်ဖက်က တိုးမြင့်လာပါတယ်။

Galaxy Tab S10 စီးရီးမှာ ထူးခြားချက်အနေနဲ့ Galaxy AI လုပ်ဆောင်ချက်ကို လွယ်ကူမြန်ဆန်စွာနဲ့ ရယူနိုင်စေဖို့ cover နဲ့တွဲလျက်ပါတဲ့ Keyboard မှာ Galaxy AI ခလုပ်ကို အသစ်ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Galaxy AI အကူအညီနဲ့ Tablet မျက်နှာပြင်ကျယ်ပေါ်မှာ Note Assist, Sketch to Image, Circle to Search, Air Command with AI စတဲ့ လုပ်ဆောင်ချက်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy Tab S10 စီးရီးကတစ်ဆင့် မိမိနေအိမ်မှာတပ်ဆင်ထားတဲ့ SmartThings ဂေဟစနစ်တစ်ခုလုံးကို 3D ရုပ်လုံးကြွမြေပုံအနေအထားနဲ့ စီမံထိန်းချုပ် နိုင်မှာဖြစ်တဲ့အပြင် နည်းပညာမြင့် Knox လုံခြုံရေးစနစ်၊ ရေဒဏ်၊ ဖုန်ဒဏ် ခံနိုင်တဲ့ IP68၊ ခိုင်ခဲ့မာကြောတဲ့ Armor Aluminum၊ တာရှည်ခံတဲ့ battery စတာတွေကြောင့် နေ့စဥ်ဘဝမှာ လက်တွေ့ကျအသုံးဝင်တဲ့ Tablet တစ်ခု ဖြစ်လာမှာပါ။

“Galaxy Tab S10 စီးရီးက Samsung ရဲ့ နောက်ဆုံးထွက် Galaxy AI ထုတ်ကုန်အမျိုးအစားထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဆုံးသော AI tablet လည်း ဖြစ်ပါတယ်။ Galaxy AI ၊ S Pen နဲ့ မျက်နှာပြင်ကျယ်တို့ ပေါင်းစပ်လိုက်မှုကြောင့် အသုံးပြုသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေ တိုးလာစေဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် AI ecosystem တစ်ခုလုံးကိုလည်း အဆင်ပြေချောမွေ့စေဖို့ main device အနေနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ ထူးခြားတဲ့ ထုတ်ကုန်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်သူ ကိုတင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

ရရှိနိုင်သောဈေးနှုန်းများနှင့် အရောင်များ
Galaxy Tab S10 Ultra (12/256GB) – ၇,၁၀၉,၀၀၀ (Moonstone Blue၊ Platinum Silver)
Galaxy Tab S10+ (12/256GB) – ၆,၀၄၉,၀၀၀ (Moonstone Blue၊ Platinum Silver)

မိတ်ဆက်ကာလ အထူးခံစားခွင့်လက်ဆောင်များ
AI Key ပါဝင်တဲ့ Book Cover Keyboard Slim အပြင် ငွေကျပ် ၁ သိန်း သက်သာခွင့် စတဲ့ စုစုပေါင်း ၈ သိန်းကျော်တန်တန်ဖိုးရှိတဲ့ အထူးလက်ဆောင်များ
Galaxy Watch7 | Watch FE | Galaxy Buds 3 Series နဲ့ တွဲဖက်ဝယ်ယူပါက ၂၀% သက်သာခွင့်
မိမိလက်ရှိ tablet နဲ့ လဲလှယ်ဝယ်ယူလိုသူတွေအတွက် ၅ သိန်းကျပ်အထိ သက်သာနိုင်မယ့် Trade-In အခွင့်အရေး
ကျောင်းသားကတ်ပြလိုက်ရုံနဲ့ ၁ သိန်းကျပ်အထိ သက်သာနိုင်မယ့် Student Discount
မတော်တဆ ထိခိုက်ပျက်ဆီးမှုတွေအတွက် ၇၀% အထိ သက်သာခွင့်ရရှိမယ့် ၁၈ လ သက်တမ်းရှိတဲ့ Samsung Care+
အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ့် Installment အစီအစဥ်
Ooredoo နဲ့ ATOM အသုံးပြုသူတွေအတွက် Operator Bundle Benefit စတဲ့ အထူးလက်ဆောင်နဲ့ အထူးအခွင့်အရေးတွေကို မိတ်ဆက်ကာလ ဝယ်ယူသူများအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။

Galaxy AI Experience အား Tablet မျက်နှာပြင်ကျယ်ပေါ်မှာ ခံစားရယူလိုသူတွေအနေနဲ့ Galaxy Tab S10 စီးရီးအကြောင်းနဲ့ အထူးအကျိုးခံစားခွင့်တွေအကြောင်းကို အသေးစိတ်သိရှိလိုပါက Samsung Showroom, Samsung Myanmar Call Center တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top